JD for Supervisor - ကြီးကြပ်စီမံခန့်ခွဲသူ၏ လုပ်ငန်းတာဝန်ဝတ္တရားများ

JD for Supervisor - ကြီးကြပ်စီမံခန့်ခွဲသူ၏ လုပ်ငန်းတာဝန်ဝတ္တရားများ
Share this Post:

လုပ်ငန်းခွင်တစ်ခု၏ အောင်မြင်စွာ လည်ပတ်နေခြင်းမှာ Supervisory Management ၏ အထက်နှင့် အောက်ခြေ ရဲ့ အရေးကြီးသည့် ကြားခံစီမံခန့်ခွဲမှုတွေကို ပေါင်းကူးပေးမှု၏ မဟာဗျူဟာကောင်းမွန်မှုကြောင့်ပင်ဖြစ်ပါသည်။ ခရုပတ်ခွေ စက်ဝိုင်းပုံစံ စီမံခန့်ခွဲမှု၏ သဘောတရားအရ စီမံခန့်ခွဲမှုအပိုင်းကြီးထွားလာခြင်းသည် လုပ်ငန်း၏ဖွံ့ဖြိုးတိုးတက်ခြင်းသို့ များစွာ အကျိုးပြု စေနိုင်တာမို့ စီမံခန့်ခွဲမှုမြှင့် တင်လေလေ၊ လုပ်ငန်းတိုးတက်လေလေဖြစ်ပါသည်။

- Work Planning and Staff Managing : ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစီစဉ်ရေးဆွဲမှု၊ ၀န်ထမ်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းစဉ်ကြီးကြပ်ပေးခြင်း။

- Company Goal Orientation and Implementation : ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ လုပ်ငန်းရာထားချက်များအား ပြီးစီးအောင်မြင်စေရန် ဖော်ဆောင်ပေးခြင်း။ -Regular Meeting and Negotiation : ပုံမှန်အစည်းအဝေများပြုလုပ်ပြီး လုပ်ငန်းစဉ်ရေးဆွဲမှု၊ အကြံပြုဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခြင်း။

-Activity on Monitoring and Evaluation : လက်ရှိအခြေအနေ၏ လုပ်ငန်း အားသာချက်၊ အားနည်းချက်များအား ဆန်းစစ်ဆောင်ရွက်ပေးခြင်း။

-Regular Reporting and Feedback : ဒါရိုက်တာ၊ မန်နေဂျာများ၊ ကြီးကြပ်သူများသို့ လုပ်ငန်းအခြေအနေအား ပုံမှန် အစီရင်ခံတင်ပြပေးခြင်း။

-Target Orientation and Allocation : ချမှတ်လာသော Target များအား လုပ်ငန်းခွဲဝေပေးမှု၊ စီမံလမ်းညွှန်မှုများဖြင့်   ပြန်လည်ဆောင်ရွက်ခြင်း။

-Important of Discussion and Decision : အရေးကြီးသည့် လုပ်ငန်းစဉ်များအား အုပ်ချုပ်မှုဒါရိုက်တာများနှင့်   ဆွေးနွေးတိုင်ပင် ဆုံးဖြတ်မှုများပြုခြင်း။

-Coordination with Client and Customer : လုပ်ငန်းဆိုင်ရာ မိတ်ဖက်များ၊ ဖောက်သည်များအား   ပြန်ကြားဆက်သွယ်   ဆောင်ရွက်ပေးခြင်း။

-Internal and External Problem Solving : လုပ်ငန်းခွင်ဆိုင်ရာ (အတွင်းပိုင်း/အပြင်ပိုင်း) အခက်အခဲပြဿနာများအား   ဖြေရှင်းဆောင်ရွက်ပေးခြင်း။

-Timely Report on Market Need : ဈေးကွက်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် အချိန်မှီတင်ပြပြီး ကြိုတင်ပြင်ဆင်   ဆောင်ရွက်ပေးခြင်း။

-Team-building on Standard Operation Procedure : SOP စည်းကမ်းများနှင့်အညီ ကိုယ်တိုင်လိုက်နာမှုဖြင့် အသင်းအဖွဲ့သို့ ဦးဆောင်မှုဖြင့် ရှေ့ရှုပေးခြင်း။

-Monthly, Yearly Analysis and Innovation : လစဉ်၊ နှစ်စဉ် လုပ်ငန်းသုံးသပ်ချက်များပြုလုပ်ပြီး   ဖြည့်ဆည်းပေးမှုနှင့်   ပြင်ဆင်ဆောင်ရွက်ပေးခြင်း။

-Team Motivation and Leading : အသင်းအဖွဲ့ခိုင်မာစေမှု၊ စည်းရုံးလှုံ့ဆော်ပေးမှု၊ အကြံပြုလမ်းညွှန်မှုဖြင့် လုပ်ငန်းအား ပံ့ပိုးပေးခြင်း။

-Capacity Building on Team and Sharing Knowledge : လုပ်ငန်းအရည်အသွေး၊ ၀န်ထမ်းအရည်အချင်းများ တိုးတက် လာစေရန် သင်ကြားမျှဝေပေးခြင်း။

-Co-working for Job Needed : လုပ်ငန်းလိုအပ်မှုအလိုက် ပူးတွဲတာဝန်များ၊ လုပ်ငန်းအသစ်များနှင့် ပူးတွဲပြီး ဆောင်ရွက်ပေးခြင်း။ တူညီတဲ့ လုပ်ငန်းပတ်ဝန်းကျင် ခေတ်ပြိုင်ဖြစ်လာသော်လည်း မတူညီတဲ့ စီမံခန့်ခွဲမှု မဟာဗျူဟာများကို အဓိက အားသာချက် ရယူပြီး လုပ်ငန်းခွင့်ဖွံ့ဖြိုးတိုးတက်စေဖို့ (JD for Supervisor) အကြောင်း မျှဝေရေးသားပေးရင်း လုပ်ငန်းခွင်များ အားလုံးသို့ စီမံခန့်ခွဲမှုဆိုင်ရာ အားဖြည့်ပေးလျှက်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo