Marketing (R&D) ဈေးကွက်သုသေသနပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု

Marketing (R&D) ဈေးကွက်သုသေသနပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု
Share this Post:

စီးပွားရေးသဘောအရ Market Segmentation (ဈေးကွက်တွင်း မတူညီစွာခွဲခြားသတ်မှတ်မှုများ) ဖြစ်တဲ့ Geographic – Region, State, City, Township level: နေရာဒေသနှင့် ဆိုင်သော - ပြည်နယ်၊ တိုင်း၊ မြို့၊ မြို့နယ် အဆင့်များ မတူညီခြင်း၊ Demographic – Age, Sex, Family, Shop, Organization and Company: လူမှုဝန်းကျင်ဆိုင်ရာ - အသက်၊ ကျား/မ၊ ဈေးဆိုင်၊ ကုမ္ပဏီ နှင့် အဖွဲ့အစည်းများ၏ ပုံစံမတူညီခြင်း၊ Psychographic – Living styles, Income, Nationality statues: နေထိုင်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ - နေထိုင်မှုပုံစံ၊ ၀င်ငွေ၊ နိုင်ငံသားအဆင့်များ မတူညီခြင်းကြောင့် ဈေးကွက်တခု ထိုးဖောက်အောင်မြင်ဖို့ရာ မတူညီ တဲ့ဈေးကွက်၊ လူပတ်ဝန်းကျင် လိုအပ်ချက်များအပေါ်အခြေခံပြီး ဖော်ဆောင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါတယ်။ ဈေးကွက်သုသေသန မပြုမှီ အဓိကလိုအပ်သည်မှာ မိမိလုပ်ဆောင်မည့် Define the Market: (ဈေးကွက်နေရာ သတ်မှတ်ခြင်း) Target market-place, marketing strategy and resource (man, money & material – 3m) ဦးတည်ဈေးကွက်၊ ဈေးကွက်ထိုးဖောက်မှုနည်းဗျူဟာ နှင့် အရင်းအမြစ် (လူ၊ ငွေကြေး နှင့် အရာဝတ္တု) စတဲ့ အချက်တွေကို စီးပွားရေးပုံစံငယ်ကို ဦးစွာရေးဆွဲသတ်မှတ်ဖို့လိုအပ်ပါတယ်။

Marketing R&D ဈေးကွက် သုသေသနနှင့် ဖွံ့ဖြိုးမှုလုပ်ဆောင်မှုဆိုင်ရာ အဓိကဆောင်ရွက်ရမည့် အချက်များ။ - Market Access - ဈေးကွက်၏ လက်ခံနိုင်မှု အနေအထားများ။ - Market Opportunity - ဈေးကွက် အခွင့်အလမ်းရဲ့ အလားအလာ။ - Sourcing & Raw Material - အရင်းအမြစ် နှင့် ကုန်ကြမ်းကို ရရှနိုင်မှု။ - Products and Services - ထုတ်ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုပုံစံများ။ - Supply and Technology - ထောက်ပံ့မှု နှင့် နည်းပညာ ရရှိနိုင်မှု။ - Customer Need and Want - ဖောက်သည်များ၏ လိုအပ်ချက်၊ လိုချင်မှု။ - Competition (SWOT) - ပြိုင်ဆိုင်မှုနယ်ပယ် (SWOT) ဆန်းစစ်မှုများ။ - Distribution & Transportation - ဖြန့်ဖြူးမှုပုံစံ နှင့် သယ်ယူပို့ဆောင်မည့်ပုံစံ။ - Communication & Channel - ဆက်သွယ်မှု နှင့် သတင်းပြန်ကြားမှုများ။ - Strategy and Policy - နည်းဗျူဟာ နှင့် မူဝါဒ ရေးဆွဲချက်များ။ - P-E-S-T - နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာရေး ဆန်းစစ်ချက်များ။

ဈေးကွက်သုသေသနပြုလုပ်ပြီးနောက်ပိုင်းမှာ Evaluate Market segmentation, Customer demand (want & need): ဈေးကွက်ခွဲခြားမှုအပေါ် ဆန်းစစ်ခြင်း၊ ဖောက်သည်များ၏ တောင်းဆိုမှု (လိုချင်မှု နှင့် လိုအပ်ချက်) ပြန်လည်သုံးသပ်ပြီး၊ Marketing Strategy (IT, Channel, Media and etc.) ဈေးကွက်ဗျူဟာ (နည်းပညာ၊ လမ်းကြောင်း၊ သတင်းမီဒီယာ စသည်) အချက်များဖြင့် Market Targeting: (ဈေးကွက် ဦးတည်ဖော်ဆောင်ခြင်း) စတဲ့ အဆင့်ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ (Strategy by 7-P) (7-P နည်းဗျူဟာ ဖြင့်ဈေးကွက်ဝင်ခြင်း) ဖြင့် Position and Operation: (ဈေးကွက်နေရာချထားခြင်း နှင့် စတင်လည်ပတ်ခြင်း) တွေကို အကောင်အထည်ဖော်ခြင်းကို စတင်ဆောင်ရွက်ကြပါတယ်။ ဆိုလိုချင်တာက   ဈေးကွက်စီးပွားရေးတစ်ခု ဦးတည်တဲ့အခါမှာ ဈေးကွက်ကို ဦးစွာပထမ သုသေသနပြုလုပ်သင့်ပြီး (Define the Market) ဈေးကွက်ကို သတ်မှတ်မှုအဆင့်၊ (Market Segmentation) ဈေးကွက်ကို ခွဲခြားသတ်မှတ်ခြင်းအဆင့်၊ (Market Targeting) ဈေးကွက်ကို ဦးတည်ခြင်းအဆင့်၊ (Position and Operation by 7-P) ဈေးကွက်နေရာချထားခြင်းနှင့် လည်ပတ်မှုအဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်နိုင်စေဖို့ ဈေးကွက်မဟာဗျူဟာဆိုင်ရာ အကြံပြုရေးသားပေးလျှက်။

မြန်မာ့ပထမဆုံးသော စီးပွားရေးနှင့် စီမံခန့်ခွဲမှု Website



ESME Logo