ချမ်းသာကြွယ်ဝသူများမှာတွေ့ရတဲ့ အမူအကျင့်ကောင်း ( ၉-ခု )

ချမ်းသာကြွယ်ဝသူများမှာတွေ့ရတဲ့ အမူအကျင့်ကောင်း ( ၉-ခု )
Share this Post:

တချို့လူတွေ ဘာဖြစ်လို့ အရမ်းအောင်မြင်နေကြသလဲဆိုတာ စဉ်းစားမိကြလား။ အကြံဥာဏ်ကောင်းတွေရှိလို့၊ စိတ်အားထက်သန်လို့၊ ဇွဲကောင်းလို့ ဒါမှမဟုတ် ကံကောင်းသွားလို့လည်း ဖြစ်တတ်ပေမယ့် အောင်မြင်တဲ့လူ တော်တော်များများမှာ အမူအကျင့်ကောင်းလေးတွေရှိကြပါတယ်။

၁။ သူတို့တရားထိုင်ကြပြီး စိတ်တည်ငြိမ်ကြပါတယ်။ Bridgewater Associates ရဲ့တည်ထောင်သူ Ray Dalio က တရားထိုင်တာကြောင့် အောင်မြင်မှုတွေ ရနိုင်ခဲ့ တာလို့ပြောပါတယ်။ သူမှမဟုတ်ပါဘူး၊ Oprah Winfrey၊ Rupert Murdoch၊ Russell Simmons၊ Arianna Huffington၊ Bill Ford နဲ့ Padmasree Warrior တို့လို အောင်မြင်နေတဲ့ လူတွေအကုန်လုံးက တရားထိုင်တာ ဟာ အောင်မြင်မှုရရှိစေဖို့ အထောက် အကူပြုတယ်လို့ ပြောဖူးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ကျန်းမာအောင် နေထိုင်စာသောက်ခြင်းနဲ့ အိပ်ရေးဝအောင်အိပ်ခြင်းတို့ဟာ လူတစ်ယောက်ရဲ့ အောင်မြင်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

၂။ အိပ်ယာစောစောထတတ်ကြပြီး ၀ီရိယရှိကြပါတယ်။ အမေရိကန်သမ္မတ Obama၊ Richard Branson၊ Jack Dorsey၊ Larry Schultz နဲ့ Tim Cook တို့ဟာ အမြဲ တမ်းစောစောထသူများဖြစ်ပါတယ်။ စောစောထတာဟာသူတို့ ကိုဘယ်လိုအောင်မြင်စေလဲ။ စောစောထတဲ့ လူတွေဟာ သူများတွေထက်အရင် အလုပ်တွေကို စလုပ်လေ့ရှိပြီးတော့ လူအများနဲ့ဆက်သွယ်တာ၊ အားကစား လုပ်တာနဲ့ ကိုယ်ပိုင်အချိန်တွေ ပိုရတတ်ပြီး သူတို့ဟာ တခြားလူတွေထက် ပိုပျော်ရွှင်ကြပြီးတော့ ပိုထက်မြက် ကြပါတယ်။

၃။ အဆက်အသွယ်ကောင်းတွေ ရှိကြပြီးတော့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကို နားလည်ထားကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ အဆက်အသွယ် ကောင်းရှိတာဟာ အလုပ်မှာ ပိုမို ကောင်းမွန်စွာ လုပ်ကိုင်နိုင်စေပြီး အလုပ် ကောင်းကောင်းရနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ အဆက်အသွယ်ကောင်းတွေရှိတာကြောင့် ဒီလူတွေ ဟာပိုပြီးတော့ ဗဟုသုတများပြီးတော့ အကြံဥာဏ်ကောင်း တွေထွက်ကြပါတယ်။ Dale Carnegie ရဲ့ နာမည်ကျော် How To Win Friends & Influence People ထဲမှာ ရေးထားသလိုပါပဲ။ အောင်မြင်တဲ့လူတွေဟာ သိပ်ပြီးတော့ ဝေဖန်တာတွေ၊ ညည်းညူတာတွေ မလုပ်တတ်ကြပါဘူး။ ဟန်မဆောင်တတ်ကြဘဲနဲ့ သူများတွေအပေါ်မှာလည်း စာနာတတ်ကြပါတယ်။

၎။ Love the Job - အလုပ်ကိုချစ်ကြပြီး အရမ်းကြိုးစားကြပါတယ်။ သူတို့တွေဟာ အားနေတယ်ဆိုတာ မရှိကြပါဘူး။ ၂၀ ရာစုတုန်းက နယူယောက်မြို့ကြီးမှာ အဆောက်အအုံ ကြီးတွေကို ဆောက်လုပ်ခဲ့တဲ့ Robert Moses ဟာ တစ်ပတ်ကို ၆၅ နာရီလောက် အလုပ်လုပ်ြပီးတော့ စီးပွားရေး လုပ်ငန်းရှင် အင်ဂျင်နီယာ Elon Musk ဆိုသူဟာ နာရီ ၈၀ လောက် အလုပ် လုပ်ပါတယ်။ စီးပွားရေးလုပ် ငန်း အောင်ြမင်ချင်သူတွေမှာ ဒီလိုအလုပ်လုပ်တဲ့ အမူအကျင့်ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။

၅။ ဘယ်အချိန်မှာ NO လို့ပြောရမယ်ဆိုတာ သိတတ်ကြပါတယ်။ အောင်မြင်တဲ့လူနဲ့ အရမ်းအောင်မြင်တဲ့လူရဲ့ ကွာခြားချက်က အရမ်းအောင်မြင်တဲ့လူဟာ NO လို့ အကုန်လုံး နီးပါး ပြောတတ်ပါတယ်လို့ Warren Buffett က ပြောပါတယ်။ မကောင်းတာတွေနဲ့ မလိုအပ်ဘဲနဲ့ အချိန်ကုန်စေတဲ့ အလုပ်တွေ၊ လှုပ်ရှားမှုတွေကို no လို့ ပြောပြီး လက်မခံ တာကြောင့် တကယ်လိုအပ်တဲ့အရာတွေမှာ အာရုံစိုက်ပြီး တိုးတက်အောင် လုပ်ကိုင်နိုင်တယ်ဆိုတာကို အောင်မြင်တဲ့လူတွေ ကောင်းကောင်း သဘောပေါက်ထားပါတယ်။ လူတွေအကုန်လုံးနဲ့ ကိစ္စတွေအကုန်လုံးကို yes လို့ ပြောပြောပြီး လက်ခံနေမယ်ဆိုရင် အာရုံတွေထွေပြားပြီးတော့ လုပ်သင့်တာတွေပြီးတော့မှာ မဟုတ်ပါဘူး။

၆။ တီဗီသိပ်မကြည့်ဘဲ ဗဟုသုတဖြစ်စေတဲ့စာပေလေ့လာဖတ်ကြပါတယ်။ Rich Habits: The Daily Success Habits Of Wealthy Individuals ကို ရေးသားခဲ့တဲ့ Thomas Corley က လူချမ်းသာတွေရဲ့ ၆၇ ရာခိုင်နှုန်းဟာ တစ်နေ့ကို တီဗီ တစ်နာရီထက် ပိုမကြည့်ပါဘူးတဲ့။ ပြီးတော့ reality show တွေကို လူချမ်းသာတွေရဲ့ ၆ ရာခိုင်နှုန်းကပဲ ကြည့်ကြပြီးတော့ လူဆင်းရဲတွေရဲ့ ၇၈ ရာခိုင်နှုန်းလောက် က ကြည့်ပါတယ်တဲ့။ လူချမ်းသာတွေရဲ့ ၈၆ ရာ ခိုင်နှုန်းက စာဖတ်ရတာကို သဘောကျပြီးတော့ ၈၈ ရာခိုင်နှုန်းကတော့ တစ်နေ့ကို မိနစ် ၃၀လောက် တိုးတက်ဖို့အတွက် စာဖတ်ပါတယ်လို့လည်း ရေးသားထားပါတယ်။

၇။ နောက်တစ်နေ့လုပ်ရမယ့် to-do list ကို ညကတည်းက ကြိုရေးထားပါတယ်။ သူတို့တွေဟာ နောက်တစ်နေ့မှာ ဘာတွေလုပ်ရမယ်၊ ဘာတွေကအရေးကြီးတယ်ဆိုတာကို မမေ့အောင်လို့ ညကတည်းက ရေးသားထားတဲ့ အကျင့်ရှိကြပါတယ်။ နံပါတ်အစဉ်လိုက် အရေးကြီးတာတွေကို ထိပ်ဆုံးမှာ စီပြီးရေး ပါတယ်။

၈။ ပန်းတိုင်တွေ ချမှတ်ထားပြီး ကြိုတင်မြင်ယောင် ပုံဖော်ကြည့်တတ်ပါတယ်။ Joel Brown ဆိုတဲ့လူက Entrepreneur မဂ္ဂဇင်းအတွက် လူတော်တွေ ကို အင်တာဗျုးကြည့်တဲ့အခါမှာ ၉၅ ရာခိုင်နှုန်းလောက်က ပန်းတိုင်တွေ၊ အစီအစဉ်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေနဲ့ အောင်မြင်မှုတွေကို ပုံဖော်ပြီးတော့ ပုံမှန်ချရေးတတ်ကြပါတယ်။ အောင်မြင်တဲ့လူတွေဟာ နေ့တစ်နေ့မှာ သူတို့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကို ရင်ဆိုင်ဖို့ အစီအစဉ်တွေကို တစ်ညကြိုပြီးတော့ ဒါမှမဟုတ် နံနက်မှာ အရင်ဆုံးရေးကြပါတယ်။

၉။ ငွေကို ကောင်းစွာစီမံခန့်ခွဲကြပါတယ်။ အောင်မြင်နေသူတွေဟာ သူတို့တွေ ဒီလိုအခြေအနေတွေ ရောက်လာတာဟာ ငွေရေးကြေးရေးကို ကောင်းစွာ ကိုင်တွယ်နိုင်လို့ပါ။ ရင်းနှီးမြှုပ်နှံမှုတွေကို ပါးနပ်စွာလုပ်တတ်ကြပြီးတော့ အခွင့်အလမ်းတွေကို ရှာဖွေနေတတ်ပါတယ်။ အရေးပေါ်အတွက် အသုံးပြုဖို့ငွေတွေကိုလည်း ဖယ်ထားလေ့ရှိပါတယ်။ လိုအပ်နေတဲ့လူတွေကိုလည်း အမြဲတမ်း ကူညီဖေးမတတ်ကြပါတယ်။ ကံနဲ့ ကြိုတင်ပြင်ဆင်မှုက အမြဲတမ်း အခွင့်အလမ်းတွေကို ရစေပါတယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ အမြဲတမ်းကြိုတင်ပြင်ဆင်နေတာဟာ အောင်မြင်မှုကို ရစေနိုင်မှာဖြစ်ပြီးတော့ ကံကလည်း တစ်ချိန်ချိန်မှာ ကောင်းလာမှာပါ။ စာညွှန်း- Entrepreneur.com မှာ ဖော်ပြထားတဲ့ 9 Success Habits of Wealthy People That Costs Nothing ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ Credit: သီဟ (SFJ Strategy First Journal)

-----------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ ၀က်ဆိုဒ် www.esme.com (Future Myanmar)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

-----------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esme.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။

 



ESME Logo