Success & Development ( အောင်မြင်ခြင်း နှင့် တိုးတက်ခြင်း ) ဘယ်အရာက ပိုကောင်းသလဲ

Success & Development ( အောင်မြင်ခြင်း နှင့် တိုးတက်ခြင်း ) ဘယ်အရာက ပိုကောင်းသလဲ
Share this Post:

အောင်မြင်ခြင်းနှင့် တိုးတက်ခြင်းဆိုတဲ့ အရာနှစ်ခုဟာ အတူတူပဲလို့ထင်ရပေမဲ့ သေချာခွဲခြားကြည့်ရင် မတူညီမှုတွေများစွာ ပါဝင်နေ တယ်ဆိုတာတွေ့နိုင်ပါလိမ့်မယ်။ လူတိုင်းနီးပါး အောင်မြင်မှု၊ အောင်မြင်မှု ဆိုတဲ့အရာကိုသာ သတိထားတက်ပေမဲ့ တိုးတက်ခြင်း ဟာလည်း လူတိုင်းအတွက်တော့ သေချာဖန်တိးတည်ဆောက်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တိုးတက်ခြင်းပါတဲ့   အောင်မြင်ခြင်း ဟာ ပိုမိုခိုင်မြဲစေလို့ပါပဲ။ ဥပမာ လူနှစ်ဦးနှင့် မြင်သာအောင် ယှဉ်ပြရရင် - (၁) လူသိရှင်သိ အများရဲ့အလည်မှာ နာမည်ကြီးနေတဲ့ အဆိုတော်ဆိုတာ (အောင်မြင်ခြင်း) ကို ဖန်တီးထားသူပါ။ (၂) လူမသိသူမသိတဲ့ နောက်ကွယ်မှာချမ်းသာတဲ့ သန်းကြွယ်သူဌေးဆိုတာ (တိုးတက်ခြင်း) ကို ဖန်တီးထားသူပါ။ သူတို့နှစ်ဦးရဲ့ လက်ရှိနှင့် ရေတို၊ ရေရှည် တိုးတက်အောင်မြင်ခြင်းကို ဖန်တီးတည်ဆောက်ပုံခြင်း ဟာ တော်တော်လေး ကွဲလွဲတာ တွေ့ရပါတယ်။ နာမည်ကြီးတဲ့ အဆိုတော်ဆိုတာ မိမိတစ်ဦးတည်းပိုင် နာမည်ကို တည်ဆောက်ကြ ပါတယ်။ သန်းကြွယ်သူဌေးတွေကတော့ အများပါပိုင်ဆိုင်နိုင်တဲ့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေကို တက်ဆောက်ကြတာ   တွေ့ရ လိမ့်မယ်။  ဘယ်ရွေးချယ်မှုဟာ ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ်ဆိုတာတော့ သေချာစဉ်းစားရမှာဖြစ်ပါတယ်။

 (၁) အဆိုတော်ရဲ့ (အောင်မြင်ခြင်း) ကို ဖန်တီးတည်ဆောက်ပုံ။ အောင်မြင်ခြင်းဆိုတာတော့ လူအများမြင်သာတဲ့ နာမည်ကြီးမှု၊ လူအများသိမှု၊ မျက်မြင်ဖြစ်သော အားသာချက်တွေ၊ အများရဲ့အားပေးမှုအပေါ်အခြေခံထားပြီး၊ အများအားပေးမှုမရှိတဲ့အချိန်ဆိုတဲ့   ရေတိုဆိုတဲ့ သဘောတရားကို ဦးတည်ထားတာတွေ့နိုင်ပါတယ်။ ESBI သဘောတရားနဲ့ပြန်ကြည့်ရင် (Self-Employment) ကိုယ်တိုင်လုပ်နေမှရတဲ့ (Other People – OP) အများဆိုသော အရာတွေပါဝင်မှုနည်းတဲ့ တည်ဆောက်မှုဖြင့် ဘ၀ရဲ့ အချိန်တွေကို ရင်းနှီးမြုပ်နှံမှုရဲ့သဘောအဖြစ် ဖန်တီးတည်ဆောက်တာတွေ့နိုင်ပါတယ်။ နာမည်ကြီးမှုဆိုတဲ့ အောင်မြင်မှုတွေဟာ တပါးသောအားပေးမှု အပေါ်မှာ ရပ်တည်မှုဖြင့် တည်ဆောက်ထားတာတွေ့နိုင်ပါတယ်။

(၂) သန်းကြွယ်သူဌေးရဲ့ (တိုးတက်ခြင်း) ကို ဖန်တီးတည်ဆောက်ပုံ။ တိုးတက်ခြင်းဆိုတဲ့ သဘောဟာ မမြင်သာတဲ့ နောက်ကွယ်ရဲ့ အားသာချက်တွေ၊ ခိုင်မြဲမှုရှိတဲ့ အရာဝတ္ထုတွေပိုင်ဆိုင်ထားမှု၊ ပျက်စီးစေမှုကိုခံနိုင်တဲ့ ရေရှည်ဆိုတဲ့သဘောတရားကို ဦးတည်ထားပြီး မိမိရဲ့လုပ်ငန်း၊ မိမိရဲ့ပုံမှန်လည်ပတ်မှုကို ဖန်တီးစေပြီး ESBI သဘောတရားနဲ့ပြန်ကြည့်ရင် (Business Owner) အချိန်၊ ငွေ၊ ၀န်ထမ်း ဆိုတဲ့ (Other People – OP) အများဆိုသောအရာတွေပါဝင်တဲ့ စနစ်ကိုခိုင်မာတည်ဆောက်မှုဖြင့် ဘ၀ရဲ့ အချိန်တွေကို (Investment) ရင်းနှီးမြုပ်နှံမှုရဲ့သဘောအဖြစ် ဖန်တီးတည်ဆောက်တာတွေ့နိုင်ပါတယ်။ နာမည်တော့မကြီးဘူးဆိုပေမဲ့ သူတို့ရဲ့ တိုးတက်မှုနဲ့အတူ   အောင်မြင်မှုတွေဟာတော့ ပင်ကိုယ်အပေါ်မှာ တည်ဆောက်ထားတာတွေ့နိုင်ပါတယ်။ ဒါကြောင့် အကြံပြုချင်တာကတော့ ဘ၀တစ်ခုမတူညီစွာရပ်တည်မှုကို ဖန်တီးကြတဲ့အခါ

အများအပေါ်မှာအခြေခံတဲ့ နာမည်ကြီးတာတွေ၊ လူသိတာတွေကို   ရှေ့တန်းမတင် ပဲ ရေရှည်သဘောကိုဖြစ်စေတဲ့ တိုးတက်မှုတွေကို အခြေခံတည်ဆောက်ပြီး အောင်မြင်တဲ့ဘ၀တစ်ခုကို တည်ဆောက်စေလိုပါတယ်။ သင်သာ တကယ်တိုးတက်အောင် အရင်ကြိုးစားကြည့်ပါ၊ အောင်မြင်ခြင်းဆိုတာဟာ အနောက်ကအလိုလိုလိုက်လာပါလိမ့်မယ်။ ခိုင်မာနဲ့ တိုးတက်ခြင်းနဲ့အတူ အောင်မြင်မှုကိုတည်ဆောက်ထားနိုင်ရင် ရေရှည်ဘ၀အတွက်ပြီးပြည့်စုံမှာအသေအချာဖြစ်ပါတယ်။ မိတ်ဆွေ အားလုံး တိုးတက်အောင်မြင်မှုတွေကို ဖန်တီးတည်ဆောက်နိုင်ပါစေ။ ဆက်လက်ကြိုးစားပါဦးမည်။  

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo