ကမ္ဘာကျော်စွန့်ဦးတီထွင်သူများအကြောင်း @ SOFT BANK Founder

ကမ္ဘာကျော်စွန့်ဦးတီထွင်သူများအကြောင်း @ SOFT BANK Founder
Share this Post:

ကမ္ဘာကျော်စွန့်ဦးတီထွင်သူများအကြောင်း @ SOFT BANK Founder

“သူ့မှာအရင်းအနှိးလည်း သိပ်မရှိ။ အတွေ့အကြုံလည်းသိပ်မရှိ။ သူ့မှာရှိသည်က သိပ်ပြိးအောင်မြင်ချင်သည့် စိတ်ဓါတ်ဖြစ်သည်။ ထိုစိတ်ဓါတ်ကို အရင်းအနှိးပြုကာ စက်မှုနည်းပညာသစ်ကိုသုံးပြီး နိုင်ငံတကာနှင့် ချီ၍ ကွန်ပျူတာလုပ်ငန်းကို လုပ်၏။ လွန်ခဲ့သည့် ၁၀ နှစ်က အချိန်ပိုင်းလုပ်သားနှစ်ယောက်နှင့် စတင်ခဲ့ပြီး ဒေါ်လာ ၁၂၀၀၀ ၀င်ငွေရှိ သူ့လုပ်ငန်းသည် ယခုအခါ အမှုထမ်း ၅၇၀ နှင် ၀င်ငွေဒေါ်လာသန်းပေါင်း ၃၅၀ ထိ တိုးတက်ခဲ့ပြီ။ သူအဓိဋ္ဌာန်ကား မည်မျှကြိးမားဘိသနည်း။ တိုကျိုမြို့မှ SOFT BANK ကော်ပိုရေးရှင်း၏ တည်ထောင်သူ၊ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် မာဆာယောရှိဆန် (၃၄) နှစ်သည် အဆိုပါလူငယ်မျိုးဆက်၏ ထင်ရှားသော   ပြယုဂ်ပင်   ဖြစ်သည်။ မာဆာယောရှိဆန်ကို ကိုရီးယားမိဘာများမှ ဂျပန်တွင် မွေးဖွားခဲ့သည်။

အမေရိကန်နိုင်ငံ ဘာကလေမြို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ သူသည် အီလက်ထရောနစ် ကိရိယာတစ်ခုကို တီထွင်ပြီးနောက် “ ရှပ်” ကော်ပိုရေးရှင်း သို့ ဒေါ်လာ တစ်သန်းဖြင့် ရောင်းစားခဲ့သည်။ ၁၉၈၁ ခုနစ်တွင်ဂျပန်သို့ ပြန်လာခဲ့သည်။ နောက် တစ်နှစ်ခွဲကြာသောအခါ ကိုယ်ပိုင်ကုမ္ပဏီ Soft Bank ကို တည်ထောင်လိုက်သည်။ ယခုအခါ Soft Bank ကုမ္ပဏီသည် ဂျပန်တွင်သာမက အမေရိကန် နှင့် ကိုရီးယားနိုင်ငံများပါ ကုမ္ပဏီခွဲများ ဖွင့်လှစ်နိုင်ခဲ့ပြီး။

မေး။   ။ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပုံလေး ပြောပြပါဦး။ ကျွန်တော် ဘာကလေတက္ကသိုလ်က ဘွဲ့ရပြီးတော့ ဂျပန်ကိုပြန်လာ တယ်၊ ရည်ရွယ်ချက်က ကိုယ်ပိုင်ကမ္ပဏီထောင်ဖို့ပါ။ ဒါနဲ့ တစ်နှစ်ခွဲလောက်ထိ စီမံကိန်းတွေ ရေးဆွဲတယ်။ စီမံကိန်းစွဲပြီးတော့ လုပ်ငန်းစတင်ဖို့ပဲ ရှိတော့တာပေါ့။ ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံတော့ မရှိဘူး။ ကျွန်တော့်မှာ ကလေးတစ်ယောက်လည်းရလာပြီ၊ အလုပ်အကိုင်လည်း မရှိသေးလို့ မိန်းမကလည်း သိပ်ပြီးစိတ်ပူနေတယ်။ ကျွန်တော်က တစ်ချိန်လုံး အကြံထုတ်နေတယ် ဘာလုပ် ရကောင်းမလဲ ဆိုပြီး စိတ်ကူးပေါ်ရာ လိုက်လေ့လာနေတယ်။ ကျွန်တော်စိတ်ကူးလို့ရတဲ့လုပ်ငန်းသစ် ၄၀ လောက်ရှိတယ်။ အဲဒီအထဲက အများဆုံးအောင်မြင်မယ်လို့ ထင်ရတဲ့လုပ်ငန်း ၂၅ မျိုး ကိုထပ်ပြီးရွေးထုတ်လိုက်တယ်။

အဲဒီ ၂၅ မျိုးမှာ တစ်ခါထပ်ပြီး အဖြစ်နိုင်ဆုံး လုပ်ငန်းတစ်ခုကို ထပ်ရွေးပြန်တယ်၊ အဒီလုပ်ငန်းက ပထမ အချက်အနေဲ့ အနည်းဆုံး နှစ်ပေါင်း ၅၀ လောက် ကျွန်တော်မြတ်မြတ်နိုးနိုး လုပ်နိုင်တဲ့ လုပ်ငန်းဖြစ်ရမယ်။ ဒုတိယအချက်အနေနဲ့ အခြားရှိပြိးသား လုပ်ငန်းတွေနဲ့ မတူတဲ့ တမျိုးတဘာသာ ထူးခြားတဲ့ လုပ်ငန်း လည်းဖြစ်ရမယ်။ ပြိးတော့ တတိယအချက်အနေနဲ့ နောက် ၁၀ နှစ်အတွင်းမှာ နံပါတ်(၁) အဆင့်ရောက်နိုင်လောက်တဲ့လုပ်ငန်းလည်းဖြစ် ရမယ်။ ကမ္ဘာမှာနံပါတ်(၁) မဖြစ်ရင်တောင်မှာ ဂျပန်မျာ နံပါတ်(၁)ဖြစ်ရမယ်။ ကျွန်တော် နောင်နှစ်ပေါင်း ၃၀၊ နှစ်ပေါင်း ၅၀ အတွင်းမှာ ကြိးပွားတိုးတက်နိုင်တဲ့ လုပ်ငန်းမျိုး ရည့်ရွယ်တာပါ။

မေး။   ။ အခုဆိုရင် ခင်ဗျားကုမ္ပဏီကို တည်ထောင်ခဲ့တာ ၁၀ နှစ်တောင်ရှိခဲ့ပြီ၊ တည်ထောင်စက ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါ သလဲ။

ဖြေ။     ။         စထောင်တော့ ရုံးခန်းသေးသေးလေးနဲ့ အချိန်ပိုင်းအမှုထမ်း နှစ်ယောက်ပဲရှိတယ်။ ကျွန်တော်က ပန်းသီးထည့်တဲ့ ထင်းရူးသေတ္တာ နှစ်လုံးဆင့်ပေါ်ထိုင်ပြိး အလုပ်သမားနှစ်ယောက်ကို အသံကျယ်ကျယ်နဲ့ပြောတယ်။ “ကျုပ်ကဒီကုမ္ပဏီကို ငါးနှစ်အတွင်း မှာ ဒေါ်လာ ၇၅ သန်းဝင်အောင် လုပ်မယ်၊ ငါးနှစ်အတွင်းမှာ အရောင်းဆိုင်ခွဲ ၁၀၀၀ ရအောင်ကြိုးစားမယ်၊ တစ်ကိုယ်ရေသုံး ပီစီကွန်ပျူတာ   ဆော့ဝဲ ဖြန့်ချီရေး လုပ်ငန်းမှာ ကျုပ်တို့ ကုမ္ပဏီဟာ နံပါတ် (၁) ဖြစ်ရမယ်” လို့ ကြေညာလိုက်တယ်။ ကျွန်တော့်စကားကြားရတော့ ၀န်ထမ်းနှစ်ယောက်က ပါးစပ်ဟောင်းလောင်းနဲ့ မျက်လုံးပြူးသွားကြတယ်။ သူတို့က ကျွန်တော့်ကို “ဒီလူတော့ ရူးနေပြီလို့ ထင်ထားကြတာ ကိုး” ဒါကြောင့်လည်း သူတို့နှစ်ယောက်စလုံး အလုပ်က ထွက်သွားခဲ့ကြတယ်လေ။

မေး။   ။ အခုလို လုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာမှာ ဘယ်လိုခံယူချက်နဲ့ လုပ်ပါသလဲ။

ဖြေ။     ။ လူတွေက ကွန်ပျူတာကို ဦးနှောက်နဲ့ ဥပမာ နိုင်းကြတယ်။ ဟာ့ဒ်ဝဲက (hardware) က ဦးခေါင်းခွံ၊ ဆီမီးကွန်ဒပ်တာ (semiconductor) ဦးနှောက်၊ ဆော့ဝဲ software က အသိညဏ်၊   ဒေတာ (data) က မဟုသုတဆိုပြီး တင်စားကြတယ်။ လူခနာကိုယ်မှာ အသိညဏ်နဲ့ ဗဟုသုတဟာ တန်ဖိုးအရှိဆုံးပါပဲ၊ ဒါကြောင့် ကျွန်တော်က ဂျပန်နိုင်ငံတစ်ငံလုံးအတွက် အသိညဏ်နဲ့ ဗဟုသုတ ဖြန့်ဖြူးတဲ့နေရာမှာ နံပါတ်(၁) ဖြစ်ချင်တာ။ ဒါပေမဲ့ ဗဟုသုတ ထုတ်လုပ်တဲ့လုပ်ငန်းက သိပ်ပြီးကြီးများကျယ်ပြန့်တယ်။ ဒါကြောင့် ကျွန်တော်တို့က ပီစီကွန်ပျူတာလုပ်ငန်း၊ ဗဟုသုတဖြန့်ဖြူးတဲ့လုပ်ငန်း ကိုပဲ ရွေးပြီး သီးသီးသန့်သန့်လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့က အသိပညာနဲ့ ဗဟုသုတကို မဂဇင်းတွေ ၊ ဆော့ဝဲတွေ၊ တယ်လီဖုန်း စစ္စတန်တွေ၊ စစ္စတန်အင်တီဂရေးရှင်း (system integration) တွေ စတဲ့ လူထုဆက်သွယ်ရေး နည်းလမ်းမျိုးစုံးနဲ့ ဖြန့်ဖြူးပါတယ်။ ကျွန်တော်တို့မှာ ဆော့်ဝဲ အမျိုးအစားပေါင်း ၄၀၀၀၀ လောက်ထိဖြန့်ဖြူးနေပါတယ်။

မေး။   ။ စွန့်စားစီးပွားရေးသမားတစ်ယောက်အတွက် အရင်းအနှီး ရှာဖွေရတာဟာလည်းစွန့်စားခန်းတစ်ခုပါပဲ။ ဒီတော့ ခင်ဗျားအနေဲ့ ကမ္ပဏီအတွက် အရင်းအနှီးဘယ်လိုရှာဖွေခဲ့သလဲ။

ဖြေ။     ။ ဆော့ဘင့် ကုမ္ပဏီကိုတည်ထောင်ပြီးနောက် သုံးလေးလအကြာ မှာ “ဒိုင်-အိချိကန်ဂျို” ဘဏ်ကို ကျွန်တော်သွားတယ်။ အဲဒီအချိန်က ကျွန်တော့်ကုမ္ပဏီဝင်ငွေက ဒေါ်လာ ၁၀၀၀၀ လောက်ပဲရှိတယ်။ “ကျွန်တော့်ကို   ဒေါ်လာ ၇၅၀၀၀၀ ထုတ်ချေးပါ၊ ကျွန်တော် တခြားဘယ်ဘဏ်ကမှ မချေးဘူး၊ ကျွန်တော့်မှာ စီးပွားရေးလုပ်ငန်း အတွေ့အကြုံလည်း မရှိဘူး၊ ဒါပေမဲ့ ကျွန်တော့်ကို ငွေထုတ်ချေးရင် အဲဒိငွေကို အပြေအလည်ပြန်ဆပ်ဖို့ ကျွန်တော် လုံးသကတိပေးပါတယ်။ လုံးဝ တာဝန်ယူ ပါတယ်။ ဒါပေမဲ့ အထူးလျော့နှုန်းနဲ့ မချေးရင် ကျွန်တော်မယူဘူး။” ဆိုပြိး ကျွန်တော်က ပြောတယ်။ ဘဏ်အရာရှိတွေက ကျွန်တော့်ကို ကြည့်ပြီး ရယ်ကြတယ်။ ပြီးတော့ သူတို့က   ထောက်ခံချက်တောင်းတယ်။ ကျွန်တော်က ရှယ်ကုမ္ပဏီက ဒေါက်တာ ဆာဆကီ နာမည် ကိုပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှပ်ကုမ္ပဏီကို ကျွန်တော်အိပ်ဆောင် ဘာသာပြန်ကွန်ပျူတာ ရောင်းခဲ့တုန်းက ဒေါက်တာ ဆာဆကီနဲ့ဆက်သွယ်ရင်းနှီးခဲ့လို့ပါပဲ။ ဒါနဲ့ ဘဏ်မန်နေဂျာက ဒေါက်တာဆာဆကီ နဲ့ ဆက်သွယ်တယ်၊ သူက ဂျိုရှင်ဒင်ကီ ကုမ္ပဏီကို လည်း  ထောက်ခံချက်ပေးဖို့တိုက်တွန်းတယ်။ ဂျိုရှင်ဒင်ကီ ကုမ္ပဏီကလည်း ကျွန်တော့်ကို ထောက်ခံပေးခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်ကို ဘဏ်က ငွေထုတ်ချေးခဲ့တာပါပဲ။

မေး။   ။ ခင်ဗျားအနေဲ့ ဂျပန်ကုမ္ပဏီကြိးတစ်ခုခုမှာ အောင်မြင်တဲ့ အမှုထမ်းကောင်းတစ်ယောက်ဖြစ်မလာပဲ စွန့်စားစီးပွားရေးလုပ် ငန်းရှင် ဖြစ်လာတာဟာ ဘာကြောင့်ပါလဲ။

ဖြေ။     ။ ကျွန်တော့်မှာ စီးပွားရေးလုပ်ငန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကိုင်ချင်တဲ့ ဆန္ဒတွေရှိနေတယ်။ အဲ့ဒါကြောင့်လည်း စွန်းစားစီးပွားရေးသမားဖြစ်လာခဲ့တာပါပဲ။ အထူးသဖြင့် အဆင့်မြင့် စက်မှုနည်းပညာလုပ်ငန်းမှာ ပညာရှင်တွေက ဆရာစားချန် ထားကြတယ်။ ပညာကုန်မပြကြဘူး၊ ဒါ့ကြောင့် စွန့်စားလုပ်ကိုင်ချင်တဲ့ လူအနေနဲ့ကိုယ့်စိတ်ကူကိုပဲ ကိုယ်အားကိုးပြီး လုပ်ကိုင်ရတယ်။ အဲဒီလိုလုပ်ချင်ရင်လည်း ကိုယ်ပိုင်ကုမ္ပဏီထောင်မှ ဖြစ်မယ်။ ဒါပေမဲ့ ဂျပန်မှာ လူမျိုးခြားတစ်ယောက်က ကိုယ်ပိုင်ကုမ္ပဏီထောင်ရင် စီးပွားရေးလောကမှာ အပြင်လူဖြစ်သွားတော့တာပဲ။ အောင်မြင်ရေး ခရီးလမ်းက တော့်တော့်ကို ကြမ်းတမ်းခဲ့ခဲပါတယ်။ ဒါပေမဲ့ လူ့ဘ၀ ဆိုတာကိုလည်း အခက်အခဲကို ရုန်းကန်ကျော်လွှားနေခြင်းပဲမဟုတ်လား။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo