စီးပွားရေးလုပ်ငန်းအမျိုးအစား(၃)မျိုးရဲ့ ထူးခြားချက်

စီးပွားရေးလုပ်ငန်းအမျိုးအစား(၃)မျိုးရဲ့ ထူးခြားချက်
Share this Post:

စီးပွားရေးလုပ်ငန်းအမျိုးအစား(၃)မျိုးရဲ့ ထူးခြားချက်

၁။ ဝန်ဆောင်မှူ့ စီးပွားရေး အဲ့မှာ အရေးအကြီးဆုံး တေးထားရမယ့် အချက်က Deliver on your promise to customer ပါ။ ပေးထားတဲ့ ဂတိအတိုင်း ကိုယ့်စားသုံးသူကို တသွေမတိမ်း(ဖြစ်နိုင်ရင် ပို ပြီး) ပေးရပါမယ်။ သိပ်ဟုတ်တာပေါ့။ ဝန်ဆောင်မှူ့ တခုမှာ ကိုယ့်စကားက မလွန်သွားဖို့ သိပ်အရေးကြီးတာကို ကိုယ်တွေ့ ထိသွားတာ ရက်ပိုင်းလေးတင်ရှိသေးတယ်။ အဲ့ဖြစ်စဉ် မတိုင်ခင် သူပြောတာများ ကြိုသိထားခဲ့ရင် သတိထားမိခဲ့ရင် အဲ့ဒီ့စားသုံးသူကို ကျွန်တော်တို့ ဆုံးရှူံးခဲ့မှာမဟုတ်ဘူး။ အဲ့စားသုံးသူကနေ ထပ်ရလာမယ့် အနာဂတ် စားသုံးသူတွေပါ ကျွန်တော်တို့ ဆုံးရှုံးသွားပါပြီ။ ကိုယ်က ခုမှစတာဆိုပေမယ့်လည်း အဲ့လိုဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လက်ကိုမခံချင်ဘူး။ ညံ့လွန်းအားကြီးတယ်လို့ ခံစားရပါတယ်။ စားသုံးသူကို ပိုးမွေးသလိုမွေးရသလောက် သတ်ဖြစ်ဖို့ က ပင့်ကူအိမ်ကိုဖျက်တာထက်တောင်လွယ်လွန်း ထိရှလွန်းတာ ကိုယ်စလုပ်တော့မှပဲသိရတယ်။ ခုခေတ်မှာလို အပြိုင်အဆိုင် ပေါများလာတဲ့ အချိန်အခါမှာ သိပ်ကိုမှန်လွန်းလှတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော်တို့ မိဘ ဆွေမျိုးတွေလုပ်သလို သဌေးဈေးရောင်းခေတ်က လုံးဝ နိဋ္ဌိတံသွားခဲ့ပြီကလား။ မှတ်မိသေးတယ် အဲ့ခေတ်က ကျွန်တော်ဆို အသက် ၁၈၊ ၁၉လောက် ပဲရှိအုံးမယ်၊ ကျွန်တော့်အဘိုး ရေခဲစက်မှာ ရေခဲလာလာဝယ်တဲ့ ဖောက်သည်တွေ မနက်မနက်ဆို အစောကြီး(မနက် ၃နာရီ လောက်) တန်းစီနေခဲ့တာ။ ကျွန်တော့်က အဲ့ရေခဲစက်ဝင်းထဲမှာ အိပ်တော့ ထထပြီး တံခါးဖွင့်ပေး ပြီး ရောင်းရတယ်။ ဝယ်သူမလာမှာထက် ကိုယ့်ကုန်ပစ္စည်းရောင်း မလောက်မှာကို နေရင်းထိုင်ရင်း စိတ်ပူနေရတဲ့ခေတ်ဆိုတော့ကာ ဘယ်မှာလာပြီး ဝန်ဆောင်မှူ့ တွေဘာတွေ စဉ်းစားမလဲ၊ ထည့်တွက်မလဲဗျာ။ ပြုံးဖို့ နေနေသာသာ ကျွန်တော့် အဖေနဲ့  ကျွန်တော့်ဦးလေးဆိုရင် တခါတခါ အချိုးမပြေတဲ့ ဝယ်သူတွေကို ပြစ်ပြစ်နစ်နစ် ကို ပြောလွတ်(ဆဲလည်းဆဲသေး)ခဲ့တာဗျ။ ဟောခုခေတ်လဲရောက်ရော အဲ့အစွဲမဖျောက်နိုင်သူတွေ ကစီးပွားမဖြစ်တော့ဘူး။ ဝယ်သူဆိုတာ သစ္စာမရှိဆုံးပဲ ဆိုပြီး ဆရာတယောက် ခဏခဏ သတိပေးဖူးတယ်။ သူတို့ က သစ္စာမရှိလေ ရောင်းသူက သစ္စာရှိရလေထင်ပါ့။

၂။ ထုတ်လုပ်ရေး အဲ့ထဲမှာတော့ efficiency ဖြစ်ဖို့ က လုံးဝ အရေးပါပါတယ်။ ထုတ်လုပ်မှူ့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် လုပ်နိုင်လေလေ၊ အမြတ်များများရလေပါပဲ။ ဥပမာအနေနဲ့ အိုင်ဖုန်းဆိုရင် ထုတ်လုပ်မှူ့ ကုန်ကျစရိတ်က ၁၀%လောက်ပဲ ရှိတာပါ။ အလားတူပဲ ကျွန်တော် တလောလေးက သူငယ်ချင်းတယောက်မျှဝေလို့  youtube မှာကြည့်ခွင့်ရလိုက်တဲ့ တကမ္ဘာလုံးကို နေကာမျက်မှန်တွေ၊ မျက်မှန်တွေ ထုတ်လုပ်ပေးတဲ့ အကြီးဆုံးကုမ္ပဏီရဲ့ CEO ပြောပြသွားတာကို ပြန်အမှတ်ရနေတယ်။ နာမည်ကြီး နေကာမျက်မှန်တလက်ကိုဈေးကွက်မှာ ဒေါ်လာ ၁၀၀ကျော် ၂၀၀ လောက်ပေးနေရပေမယ့် သူ့ ရဲ့ထုတ်လုပ်မှူ့ စရိတ်က တလက်ကိုမှ ဒေါ်လာ ၁၀ လောက်ပါပဲတဲ့။ နောက် ဥပမာတခု အနေနဲ့ ဆရာတယောက် စီးပွားရေးဟောပြောပွဲမှာ မျှဝေသွားတဲ့ ကျွန်တော်တို့ နေစဉ်ကြည့်ကြည့်နေကြတဲ့ နာမည်ကြီး ခေတ်ပေါ် TV တလုံးရဲ့ ထုတ်လုပ်မှူ့ စရိတ်အရင်းက သူ့ နောက်ဆုံးဈေးကွက်ရောင်းဈေးရဲ့ ၁၀%နှုန်းအောက်လောက်သာပဲရှိတာလို့ ပြောတော့မှ ကျွန်တော်ဖြင့် မျက်လုံးကိုပြူးသွားတာခင်ဗျ။

၃။ ကုန်သွယ်ရေး ဈေးနှူန်းက အရေးအကြီးဆုံးပါတဲ့။ ဈေးပေါပေါနဲ့ ဝယ်နိုင်လေ အမြတ်များများရလေပေါ့။ ဝယ်သူဖောက်သည် ပြန်လာမလာကိုထက် အမြတ်များများကျန်အောင် ချိန်ကိုက် ဖလှယ်လိုက်နိုင်ဖို့ က ပိုလို့ အရေးပါတယ်။ ကြက်သွန်နီဈေးကွက်နဲ့ သူက ဥပမာပေးခဲ့ပါတယ်။ ကျွန်တော့်ချစ်သူငယ်ချင်းကြီး ကိုကျော်သူပါရင် သိပ်ကောင်းမယ်ဗျာ။ သူဆို ကုန်သွယ်မှူ့ လုပ်ငန်းထဲ မှာကျင်လည်နေသူဆိုတော့ သူဆို အများကြီးဆွေးနွေးနိုင်မှာ။ အဲ့နောက်ပိုင်း မှာတော့ P ၄လုံးကို လက်တွေ့ အကြောင်းအရာ ဥပမာတွေနဲ့ တခုချင်းစီ ရှင်းပြဆွေးနွေးသွားတယ်။ ~Product~ ကိုယ်ထုတ်မဲ့ ကုန်ပစ္စည်းက ဈေးကွက်တင်နိုင်ဖို့ မတင်နိုင်ဖို့ ကို အဦးဆုံးစဉ်းစားရပါမယ်။ သူပေးတဲ့ဥပမာက လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကဆိုရင် happy new year ပါတီပွဲ လက်မှတ်တွေလိုက်ရောင်းလို့ ကတော့ အဲ့အချိန်က မြန်မာဈေးကွက်အတွက်ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။ ခုများမှာတော့ ရေပေါ်ဆီလူတန်းစားတွေအတွက်သာမက အခြေခံလူတန်းစားတွေအားလုံးနီးပါးပါ ပါဝင်နေကြပြီဆိုတာ မကြာသေးတဲ့ နှစ်သစ်ကူး ပွဲညက သက်သေပြသွားခဲ့ပြီမို့ လား။ ကိုယ့်နိုင်ငံက နှစ်ပေါင်းမြောက်များစွာနောက်ကျနေတာ ကို သတိမပြုမိဘူး။ ဟိုက စားသုံးသူတွေ စိတ်ကုန်လာတဲ့ junk food ဖြစ်တဲ့ KFC ပဲကြည့်လေ မြန်မာနိုင်ငံလည်းရောက်ရော အသစ်အဆန်းတွေဖြစ်ပြီး အရင်ခေတ်က ဆီတိုးသလို တိုးနေရပါရောလား။ ~Price~ ဈေးနှူန်းအကြောင်းကလည်း တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ မာစီးဒီးကားတွေကို အရည်အသွေးချင်း၊ ဈေးနှုန်းချင်း ယှဉ်ထုတ်လာတဲ့ တိုယိုတာရဲ့ လက်ဆက်(ဇ်) ကားတွေကို differentiate လုပ်ဖို့ အတွက် ဈေးနှုန်းတွေကောက်တင်လိုက်တာ အောင်မြင်လိုက်တဲ့ အကြောင်းပါ။ ~Promotion~ ကိုယ်ပစ်မှတ်က အရေးအပါဆုံးပါပဲ။ နို့ ဆို ပစ်တာတခြား ပစ်မှတ်က တခြားဆိုရင် ပိုက်ဆံကုန် အချိန်ကုန်ပြီး လိုတာမရဖြစ်တတ်ပါတယ်။ ကုန်ပစ္စည်းပေါ်မူတည်ပြီးတော့လည်း promotion နည်းစနစ်မတူပါဘူး။ တူညီတဲ့ ကုန်ပစ္စည်းတွေထဲကမှ ကိုယ့်ထုတ်ကုန်က ဘာပိုကောင်းလဲဆိုတာ ဖော်ထုတ်ဖို့ လိုပါမယ်။ USP ပေါ့ဗျာ။ ~Place~ ဒါလည်း ကိုယ့်ပစ်မှတ်ထည့်မယ့်နေရာကို သေချာရွေးရပါမယ်။ ပြီးရင် ကိုယ်ရောင်းမယ့် ပစ္စည်းကို ဈေးကွက်မှာ ပစ္စည်းအပျက်ခံလို့ မရပါဘူး။ ဒါကို သေချာထိန်းပြီး ဈေးကစားရမယ်။ တခါသားက b2b ဟောပြောပွဲတခုမှာ လုပ်ငန်းရှင်တယောက်ပြောသွားသလို ပေါ့။ သူ့ ပစ္စည်းသိပ်အရောင်းသွက်လာရင် ပစ္စည်းပျက်တော့မယ်ဆိုပြီး(မပျက်သေးပေမယ့်လည်း) ကြိုတင် သတင်းလွှင့်ပြီး ထပ်ဆင့်ဖြန့် ဝေသူတွေကို အတိုင်းအဆနဲ့ ပေးခဲ့ပါတယ်တဲ့။ နောက်တပိုင်းကျတော့ business research data တွေကိုပြပြီး ဘယ်ကုန်ပစ္စည်းကတော့ brand awareness တွေကောင်းတယ်၊ ဘယ်လောက်ကြော်ငြာတယ်၊ market share ဘယ်လောက်ရတယ်စသဖြင့် သုံးသပ်ဆွေးနွေးပြသွားတယ်။ မြန်မာတံဆိပ်တခုကို နိုင်ငံခြားကုမ္ပဏီတခုက ဈေးကွက်မယှဉ်နိုင်လို့  ဈေးကြီးပေးပြီးဝယ်သွားတဲ့ အကြောင်းလည်းမျှဝေသွားပါတယ်။ သူကိုယ်တိုင်လည်း မြန်မာပြည်ကို ကမ္ဘာ့ဈေးကွက်မှာ ဘယ်လိုဘယ်ပုံ တင်တဲ့အကြောင်းလည်းပါပါတယ်။ ကျန်တာတွေ မြန်မာနိုင်ငံကို တောင်ပေါ်၊ ကျေးလက်၊ မြို့ ပြ၊ ကမ်းမြှောင်စသဖြင့် ဒေသအလိုက် ခွဲခြားပြီး နေထိုင်တဲ့လူတွေရဲ့ အမူအကျင့်တွေ သိရှိနားလည်ထားရင် ဈေးကွက်တင်ရာမှာ အထောက်အကူပြုပါတယ်။ တခြား ဗဟုသုတတွေကိုလည်း ဖြန့် ဝေသွားပါသေးတယ်။ Credit-သက်ဦးရွှေ ၏ ရေးသားဖော်ပြချက် ကို အယ်ဒီတာအဖွဲ.ချုပ်မှပြန်လည်ဖော်ပြအပ်ပါသည်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo