အထက်လူကြီးတွေနဲ့ ဆက်ဆံရာဝယ်

အထက်လူကြီးတွေနဲ့ ဆက်ဆံရာဝယ်
Share this Post:

 လုပ်ငန်းခွင် အတွင်းမှာ အထက်လူကြီးတွေက ဘာတွေလုပ်မှန်းကို မသိဘူး၊ ဘယ်လိုနားလည် ရမှန်းကို မသိတော့ဘူးဆိုတာတွေ ခဏခဏ ကြားနေရပါတယ်။ အထက်လူကြီး အမျိုးမျိုးရှိပါတယ်။ မတူညီတဲ့ အထက်လူကြီးတွေဆီမှာ မတူညီတဲ့ သဘောထား၊ ခံယူချက်နဲ့ စီမံခန့်ခွဲမှုပုံစံတွေရှိပါတယ်။ တချို့ အထက်လူကြီးတွေဟာ အလွန်လက်ပေါက် ကပ်(ဆက်ဆံရခက်) တာတွေရှိနေပါတယ်။ ယေဘုယျအားဖြင့် လက်ပေါက်ကပ်စေတဲ့ အထက်လူကြီး အမျိုးအစား (၅) မျိုးလောက်ရှိနေတတ်ပါတယ်။

 

(၁) The Know-it-all:   ဦးတတ်ပ၊ ဒေါ်တတ်ပ တွေ။

 

ဒီလိုလူကြီးတွေဟာ အများအားဖြင့် မောက်မာတတ်ကြတယ်။ ဖြစ်ရပ်တခုခု အပေါ်မှာလဲ ရှုထောင့်အမျိုးမျိုးကနေ ဝေဖန်တတ်တယ်။ ဦးတတ်ပ၊ ဒေါ်တတ်ပ တွေဟာ သူတို့ မှားနေရင်တောင် သူတို့ရဲ့ အမှားတွေကို ၀န်မခံတတ်ကြဘူး။

 

(၂) The Passive: နေနိုင်သူကြီးတွေ။

 

သူတို့တွေက အကြံဥာဏ် ဘယ်တော့မှ မပေးတတ်ကြပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တခုအပေါ်မှာ သူတို့ ဘယ်လိုနားလည်တယ်၊ ဘယ်လို ခံစားရတယ် ဆိုတာကိုတော့ပြောပြပါ လိမ့်မယ်။

 

(၃) The Dictators: အာဏာရူးတွေ။

 

ဒီလိုလူကြီးတွေကတော့ အမြဲတမ်း ခြိမ်းခြောက် တတ်ကြတယ်။ အာဏာရှင်ဆန် ကြတယ်။ ဘယ်လိုကိစ္စမျိုးမဆို အာဏာကို သုံးချင်ကြတယ်။အာဏာမှ အာဏာတွေပေါ့။ အာဏာရူးတွေဟာ သူများတွေကို ဝေဖန်ရမယ်ဆိုရင်လဲ

နှစ်ယောက်မရှိအောင်ကို ဝေဖန်တတ်ကြပါတယ်။

 

(၄) The Complainers: တရားလိုတွေ။

 

ဒီလိုအထက်လူကြီး တွေကတော့ နေရာတကာ မှာ တပါးသူတွေရဲ့ အပြစ်ကို ရှာနေတော့တာပဲ။ ရှာစရာမရှိ ချစ်တီးခေါင်း (ထိပ်ပြောင်) တောင် သန်းရှာချင်တဲ့ လူစားမျိုးတွေပါပဲ။

 

(၅) The No people: ဘူး တလုံးဆောင်တဲ့သူတွေ။

 

ဒီလိုလူကြီးတွေကြတော့ ဘယ်အရာမဆို မရဘူး၊ ဘ၀င်မကျဘူး စတဲ့ ဘူးတလုံးကို

တွင်တွင် သုံးတတ်ကြပါတယ်။ ပိုဆိုးတာက သူတို့ဟာ တပါးသူတွေရဲ့ အသံကို နားမစွင့်ကြဘူး၊ သူတို့မှာ နားထောင်တတ်တဲ့ အလေ့အကျင့် မရှိဘူး။ သူတို့ရဲ့

အတွေးအခေါ်၊ အကြံအဥာဏ်တွေကို မပြောင်းလဲဘဲ ကုတ်တွယ်ထားတတ်ကြတယ်။

 ဖေါ်ပြပါ လူ့ခွစာတွေဟာ လုပ်ငန်းခွင်တိုင်းမှာ တယောက်မဟုတ်၊ တယောက်ရှိနေတတ် ကြပါတယ်။ လူ့ခွစာတွေရှိတာဟာ မထူးဆန်းပေမယ့် အဲဒီလူ့ခွစာ က သင့်ရဲ့ အထက်လူကြီးဖြစ်နေရင်တော့ Communication ကို ပိုမို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပါတယ်။ ၀န်ထမ်းတော်တော် များများအတွက် လူ့ခွစာ မန်နေဂျာတွေဟာ အခက်တွေ့စေပေမဲ့ အဲဒီလူ့ခွစာ စီမံခန့်ခွဲသူတွေနဲ့ ကောင်းကောင်း Communicate လုပ်နိုင်တဲ့ သူတွေလဲရှိနေပါတယ်။ ဒါဆိုရင် ဘယ်လို

 

Deal with လုပ်မယ်ဆိုတာ နားလည်ပြီး အသုံးချကြည့်ရင် ရပါတယ်။

 

   If you are picked on (သင့်အပေါ် ရမယ်ရှာနေပြီဆိုရင်)

 

ဘယ်သူ တဦးတယောက်မှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အခြားသူများနည်းတူ

သင့်ရဲ့ အထက်လူကြီးတွေ မှာလဲ ကိုယ်ရေးကိုယ်တာ (သို့) လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာနေ့ရက်တွေ၊ စိတ်ညစ်စရာ အခြေအနေတွေ ကြုံရတတ်ပါတယ်။ အဲလိုအခြေအနေမျိုးမှာ အထက်လူကြီးရဲ့ ရာသီဥတု အခြေအနေကို နားလည် ထားဖို့ အထူးလိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အမြဲတမ်းလိုလို ဘယ်လိုကိစ္စမျိုးမဆို မိမိအပေါ်မှာပဲ ရမယ်ရှာနေပြီ ဆိုရင်တော့ ဘယ်လို Deal with လုပ်မလဲဆိုတာကို စဉ်းစားထားဖို့လိုပါတယ်။

   ပထမဆုံးစဉ်းစားရာမှာကတော့ သင်ဟာ တကယ်ပဲ မှားနေတာလား။ အထက်လူကြီးသဘော မတွေ့ပါဘူး ဆိုတာကို မှလုပ်မိတာမျိုးလဲ ဖြစ်နေတတ်ပါတယ်။

 

ဒါမှမဟုတ် သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် Standard ကိုမီအောင် မလုပ်နိုင်နေတာလား။ ဒီမေးခွန်းတွေရဲ့ အဖြေဟာ ဟုတ်တယ် ဆိုတဲ့ Yes သဘော ဆောင်နေရင်တော့ အဖြေကို ဘယ်မှာမ မရှာပါနဲ့တော့ သင့်ဆီမှာ ပဲရှိပါတယ်။

အခြားတဖက်မှာ သင်ကသာ  ရှိသမျှကိုယ်စွမ်းကိုယ်စ သုံးပြီး အကောင်းဆုံး လုပ်ထားပေမဲ့ အထက်လူကြီးအနေနဲ့ အကောင်းမမြင်ဘဲ ရှိနေဦးမယ်ဆိုရင်တော့

ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို ပြန်မေးဖို့အချိန်ရောက်ပါပြီ။

 

တခါတလေမှာ မန်နေဂျာတွေ ၊ အထက်လူကြီးတွေဟာ ၀န်ထမ်းတွေအပေါ်မှာ စိတ်ပျက်စေတဲ့ အကြောင်းအရာတွေ၊ စိတ်ဓါတ်ရေးရာ ထိခိုက်စေတဲ့ အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် ဖန်းတီးနေတာကို သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့်လဲ

 

ဘာကြောင့်ဆိုတဲ့ မေးခွန်းကို ပြန်မေးဖို့ လိုအပ်လာတာပါ။

 

   Analyzing yourself. (သင့်ကိုယ်ကို ပြန်လည် ဆန်းစစ်ပါ။)

 

သင့်အနေနဲ့ ကိုယ်ပိုင်အားနည်းချက်တွေ၊ အားသာချက်တွေက ဘာတွေလဲ

ဆိုတာကို ဆန်းစစ်ဖို့လိုအပ်ပါတယ်။ သင် ဘယ်နေရာတွေမှာ ကျွမ်းကျင်သလဲ ဆိုတာတွေကို ချရေးထားပါ။ နောက်ထပ်ချရေးရမှာတွေက ဘာတွေတော့

ဒီထက်ပိုပြီး နားလည် တတ်ကျွမ်းဖို့ လိုအပ်သလဲဆိုတာတွေပဲ ဖြစ်ပါတယ်။

လိုအပ်ချက်၊ အာနည်းချက်တွေကို ချရေးတယ်ဆိုတဲ့ နေရာမှာ သင့်ကိုယ်ကို ရိုးသားဖို့

လိုပါတယ်။ မသိဘဲ၊ မတတ်ဘဲ သိချင်ယောင်၊ တတ်ချင်ယောင် ဟန်မဆောင်ပါနဲ့။

ဒီလိုချရေးထားတဲ့ အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ ပတ်သက်ပြီး အားသာချက်တွေကိုတော့ ဘယ်လိုအသုံးချပြီး အားနည်းချက်တွေကိုတော့ အားသာချက်တွေ ဖြစ်လာအောင် ဘယ်လိုလုပ်မယ်ဆိုတာတွေပါတဲ့  အစီအစဉ်ကို သင့်ရဲ့ အထက်လူကြီး၊ မန်နေဂျာနဲ့ ဆွေးနွေးကြည့်ပါ။ ဒီအခြေအနေမျိုးမှာ အထက်လူကြီးတွေရဲ့ စိတ်ဝင်စားမှုနဲ့ အကူအညီတွေ ရတတ်ပါတယ်။

 

    Managing pressure. (ဖိအားတွေကို စီမံခန့်ခွဲကြည့်ပါ)

 

သဘာဝမကျတဲ့ ဖိအားတွေ သင့်အပေါ် ရောက်မလာအောင်တော့ သတိထားပါ။

မကြာခဏဆိုသလို အထက်လူကြီးတွေဟာ သင့်အပေါ်မှာ လုပ်ငန်းတာဝန်တွေ ပိုပိုပြီး

ပေးလာတဲ့ အခါမျိုးတွေ ရှိလာတတ်ပါတယ်။ လိုအပ်တာထက် ပိုတဲ့ ဖိအားတွေ ဖြစ်ပေါ်

စေရင်တော့ ယဉ်ယဉ်ကျေးကျေးနဲ့ ညင်းဖို့ အားမနာပါနဲ့။ တန်နဲ့အားနဲ့မမျှလို့

ဖြစ်ပေါ်လာတဲ့ ဖိအားတွေဟာ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်မှုကို

အဟန့်အတားဖြစ်စေပါတယ်။

 

 Managing your emotions (စိတ်ခံစားမှုတွေကို စီမံခန့်ခွဲကြည့်ပါ)

 

လုပ်ငန်းခွင် အတွင်းမှာ သင့်ရဲ့ စိတ်ခံစားမှုတွေကို ထိမ်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ဖြစ်နိုင်ရင်တော့ လုပ်ငန်းခွင်အတွင်းမှာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ မရှိအောင် မိမိကိုယ်ကို သတိထားပါ။ တခါတလေမှာ သင့်အနေနဲ့ သင့်ရဲ့ အထက်လူကြီးက ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုမှာ သဘောမတူနိုင်စရာတွေ

ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို အခြေအနေတွေ ကြုံလာခဲ့ရင် သဘောမတူနိုင်ခဲ့ရင်တောင်

ဘူးတလုံးဆောင်ပြီး တွင်တွင် မညင်းသင့်ပါဘူး။ ကျိုးကြောင်းဆက်စပ်ပြီး ညှိနှိုင်း ဆောင်ရွက်ကြည့်ပါ။

 

     Match your manager’s style (အထက်လူကြီးရဲ့ စတိုင်ကိုနားလည်ပါ)

 

အထက်လူကြီးနဲ့ အဆင်ပြေပြေ အလုပ်လုပ်ဖို့ကြိုးစားနေတယ်ဆိုရင် ပထမဆုံး လုပ်ရမှာက အထက်လူကြီးက လုပ်ငန်းဆောင်တာတွေ လုပ်တဲ့ အခါမှာ ဘယ်လို ဆောင်ရွက်တတ်တယ်ဆိုတဲ့ ပုံစံတွေကို လေ့လာဖို့လိုအပ်ပါတယ်။

  သူနဲ့ စကားပြောနေတာကိုပဲ နှစ်သက်တဲ့ အထက်လူကြီးတွေ ရှိတယ်ဆိုရင် ဒီလို

အထက်လူကြီးတွေက Verbal Communication ဖြစ်တဲ့ စကားပြောဆိုနေတာကိုပဲ

သဘောခွေ့တတ်ကြတယ်။ ဒီလို အခြေအနေမှာ သင့်ရဲ့ ပင်ကိုယ်ဗီဇ အရ တဦးတည်း

တကိုယ်တည်း နေတတ်တဲ့ အလေ့အကျင့်ရှိခဲ့ရင်တောင် ရေရှည် အဆင်ပြေဖို့အတွက်

အထက်လူကြီးနဲ့ ပြောသင့်ပြောထိုက်တာတွေကို ပြောနေဖို့လိုအပ်ပါတယ်။

   တကယ်တော့ ဘယ်လောက်ပဲ လက်ပေါက်ကတ် တဲ့မန်နေဂျာ၊ အထက်လူကြီး ဖြစ်နေပါစေ သူတို့ကို စီမံခန့်ခွဲတယ်ဆိုတာ သင့်ရဲ့ ပြောဆိုဆက်ဆံမှု အရည်အသွေးကို ပိုမိုတိုးတက်လာအောင် သင်ကိုယ်တိုင် တာဝန်ယူနေရခြင်းပဲ ဖြစ်ပါတယ်။ လူ့ခွစာကြီးတွေကို စီမံခန့်ခွဲရတာ ပြောသလောက် မလွယ်ပေမဲ့

အခြေအနေ အချိန်အခါအပေါ် မူတည်ပြီး သဟဇာတ ဖြစ်အောင် ဆောင်ရွက်တတ်

နေပြီဆိုရင်တောင် သင်ဟာ Managing up ဆိုတဲ့ အထက်လူကြီးတွေကို စီမံခန့်ခွဲခြင်း

ပညာကို အတိုင်းအတာ တခုလောက်အထိ တတ်မြောက်နေပါပြီ။

 

ပိုင်စိုး (Management) 

Sources: How to deal with your manager by Manmohan Joshi

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။

 

 



ESME Logo