Marketing 3.0 သို့ ဖိတ်ခေါ်ကြိုဆိုခြင်း။ ဘာကြောင့် Marketing 3.0

Marketing 3.0 သို့ ဖိတ်ခေါ်ကြိုဆိုခြင်း။ ဘာကြောင့် Marketing 3.0
Share this Post:

  • လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ထုတ်လုပ်မူ ဗဟိုပြုတဲ့ ရောင်းဝယ်ရေးစနစ် (Marketing 1.0)
  • ဟာ စားသုံးသူ ဖောက်သည်တွေကို ဗဟိုပြုတဲ့ ရောင်းဝယ်ရေးပုံစံ (Markeint 2.0) ကို ပြောင်းရွှေ့ ခဲ့ပါတယ်။
  • ဒီနေ့ စီးပွားရေးလုပ်ငန်း ရောင်းဝယ်ရေးပုံစံဟာ ပတ်ဝန်းကျင်အခြေအနေအရ ကာလ၊ဒေသ၊ပယောဂအလျောက် စွမ်းအားအသစ်တွေထုတ်ပြီး ရွှေ့ လျား လှုပ်ရှုားဖို့ ထပ်လိုအပ်လာတာ တွေ့ နေရပါတယ်။
  • ကုမ္ပဏီတွေဟာ သူတို့ရဲ့  အာရုံစိုက်မူကို ထုတ်ကုန်ပစ္စည်းတွေကနေ စားသုံးသူတွေကို ဦးတည်ထားရာက လူသားတွေရဲ့ ပြသနာကိစ္စအ၀၀ကို ဖြန့်ကြက်ချဲ့ ထွင်လာကြပါပြီ။
  • Marketing 3.0 ဟာ ကုမ္ပဏီတွေအနေနဲ့ စားသုံးသူ ဗဟိုပြုရာက လူသားတစ်ရပ်လုံးကို ဗဟိုပြုတဲ့စနစ်ဆီ
  • ရွှေ့ပြောင်းခဲ့တဲ့ အခြေအနေကို ပြဆိုပါတယ်။ ဒီအခြေအနေမှာ အမြတ်ရ နိုင်စွမ်းဟာ စုပေါင်းတာဝန်ယူမူနဲ့ ဟန်ချက်ညီနေတာ ဖြစ်ပါတယ်။
  •  ကုမ္ပဏီတစ်ခုအဖို့ ပြိုင်ဆိုင်မူ ပြင်းထန်းတဲ့ စီးပွားရေးလောကမှာ တွင်တွင်ကျယ်ကျယ် ရောင်းချရေးနဲ့ မိမိရဲ့  အသက်ဆက်ရပ်တည်ရေးကို လှုပ်ရှားနေရုံသာမက သစ္စာရှိတဲ့ကွန်ရက်ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်အစုရှယ်ယာဝင်တွေ၊ ၀န်ထမ်းတွေ၊ ဖြန့်ချိရေးသမားတွေ၊အရောင်းသမားတွေ၊ကုန်ကြမ်းသွင်းသူတွေရဲ့  အကျိုးကိုလည်း ထည့်တွက်ရမှာပါပဲ။
  •  
  • ဒီနေ့ ဈေးကွက်ရှာဖွေရေးသမား အတော်များများဟာ မားကတ်တင်း 1.0ကို ကျင့်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်။
  • တချို့ ကလည်း မားကတ်တင်း 2.0အတိုင်း အကျင့်သုံးနေကြသလို လူအနည်းငယ်သာ မားကတ်တင်း 3.0
  • ဆီ တိုးဝင်နေကြတာတွေ့ ရပါတယ်။လုပ်ငန်းရှင်တွေအတွက် 3.0 ကို ကျင့်ဆောင်ဖို့ အကြီးကျယ်ဆုံး အခွင့်အလမ်းတွေပေါ်လာဖို့ ရှိနေတယ်ဆိုရမှာပါ။
  • ဟိုးအရင့်အရင်ကာလ….စက်မူခေတ်တွင်းက အဓိက ထားတဲ့ မဏ္တိုင်ဟာ စက်မူနည်ပညာပဲဖြစ်ပါတယ်။
  • ဈေးကွက်ဖွင့်ရောင်ဝယ်ရာမှာ စက်ရုံရဲ့ ထုတ်ကုန်ပစ္စည်းတွေရောင်းဖို့ပဲ အားသန်တာပါ။အဲဒီကုန်ပစ္စည်းတွေဟာ
  • ကြီးမားတဲ့ဈေးကွက်ထဲသွင်းဖို့သာ အခြေခံပြီး ဒီဇိုင်းပုံစံတွေ ဆွဲထားတာဖြစ်ပါတယ်။ ရည်မှန်းချက်
  • အရ ပစ္စည်းတွေက စံချိန်မီပြီး ကုန်ထုတ်စရိတ်အနည်းဆုံးနဲ့ ၀ယ်သူတွေတက်နိုင်တဲ့ အနိုမ့်ဆုံးဈေးနဲ့ တွင်တွင်ကျယ်ကျယ်ရောင်းနိုင်ဖို့ကြိုးစားကြတာပါပဲ။
  • Henry Ford ရဲ့ Model Tကားတွေကို နမူနာထားကြည့်ပါ။ Ford ပြောတာကတော့-
  • “ဘယ်သူမဆို အရောင်မျိုးစုံ ထုတ်လုပ်ထားတဲ့ ကားတစ်စီးးတော့ ပိုင်နိုင်ပါတယ်” တဲ့။
  • ဒါဟာ မားကတ်တင်း 1.0 ပါပဲ (ဒါမှမဟုတ်)ထုတ်ကုန်ကို ဗဟိုပြုတဲ့ ခေတ်စကားလို့ ဆိုရမှာပါ။
  • ဒီနေ့ သတင်းခေတ်မှာတော့ မားကတ်တင်း 2.0ရယ်လို့ ပေါ်လာပါတယ်။ ဒီမှာ အဓိကထားတာက
  • သတင်းနည်းပညာပါ။စီးပွားရေး ဈေးကွက်ရှာတဲ့အလုပ်က ၇ိုးရိုးလေးလုပ်လို့ မရတော့ပါဘူး။
  • ဒီနေ့ သုံးစွဲသူတွေဟာ  သတင်းအချက်အလက်တွေ ကောင်းကောင်းကြီးကြားသိခွင့် ရနေသလို ဈေးကွက်ထဲ
  • ၀င်လာတဲ့ ပစ္စည်းတွေကို အလွယ်တကူ နှိုင်ယှဉ် ရွေးချယ်နေတက်ကြပါပြီ။ ကုန်ပစ္စည်းရဲ့ တန်ဖိုးကို သုံးစွဲသူတွေကပဲ အကဲဖြတ် သတ်မှတ်ကြတာလည်ဖြစ်ပါတယ်။
  • သူတို့ရဲ့  အကြိုက်ပေါ်မူတည်ပြီး တန်ဖိုးတွေ အကြီးအကျယ် ကွာခြားသွားတယ်ဆိုပါတော့။
  •  
  • ရောင်းတဲ့ လုပ်ငန်းရှင်အနေနဲ့ ဈေးကွက်ကို အမျိုးအစားတွေ ခွဲပြီး အကောင်းဆုံး ပစ္စည်းတစ်ခုကို  ပစ်မှတ်ဈေးကွက်ထဲဝင်အောင် ထုတ်လုပ်  တင်သွင်းရပါလိမ်မယ်။  Marketing 3.0 ဟာ ရောင်းရေးဝယ်တာလုပ်ငန်းကို လူတွေရဲ့  ပြင်းပြတဲ့ ဆန္ဒ၊ တန်ဖိုးထားမူတွေနဲ့ မနောဝိဥာဉ်တွေရဲ့  အ၀န်းအ၀ိုင်းနယ်ပယ်ထဲရောက်အောင် ဆောင်ပို့မယ်ဆိုတဲ့ အယူအဆကို မြှင့်တင်ပေးပါတယ်။
  •  
  • Marketing 3.0 က သုံးစွဲသူတွေဟာ ရုပ်နာမ်တွဲထားတဲ့ လူသားစင်စစ်တွေ ဖြစ်တာကို နားလည်းတာနဲ့အမျှ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ လျစ်လျူရှုမှားမဟုတ်ပါဘူး။
  • ဒါကြောင့်လည်း Marketing 3.0အနေနဲ့ စိတ်ခံစားမူနဲ့ လူတွေရဲ့  ၀ိဥာဉ်ပိုင်းကို အပြည့်အ၀ ဖြည့်စွမ်းပေးတဲ့
  • အရောင်းအ၀ယ်လုပ်ငန်းလို့ ဆိုချင်ပါတယ်။
  • ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံလို့ အကျပ်အတည်းဆိုက်တဲ့ အချိန်တွေထဲမှာ Marketing 3.0 နဲ့ သုံးစွဲသူတွေရဲ့ ဘ၀တွေဟာ ပိုပြီး ဆက်စပ် ပက်သက်လာပါတယ်။ အဲဒီကာလမှာ လူတွေအဖို့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ပြောင်းလဲတက်တဲ့ လူမူရေးစီးပွားရေးနဲ့ ပတ်ဝန်းကျင်တွေရဲ့  မတည်မငြိမ် အုံကြွလှုပ်ရှားမူတွေကို ရင်ဆိုင်တွေ့ ကြုံရပါတယ်။ရောဂါဆိုးတွေ ကမ္ဘာအနှံ့ပျံ့နှံ့လာမယ်။ ဆင်းရဲမွဲတေမူတွေ တိုးပွားလာမယ်။ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမူတွေလည်း အတောမသတ်အောင်ပါဘဲ။
  • Marketing 3.0 ကို ကျင့်ဆောက်ကြတဲ့ ကုမ္ပဏီတွေအဖို့ ဒီပြသနာတွေက ဆန့်ကျင်ပြီး လူတွေကို မျှောင်လင့်ချက်နဲ့အဖြေတွေရှာပေးရပါမယ်။ ဒီလိုနဲ့ သုံးစွဲသူတွေဟာ စိတ်ရောကိုယ်ပါ အဆင့်မြင့်ပြီး သက်သာမူ ရလာမှာပါ။
  •  
  • Marketing 3.0 ရဲ့ အဓိကအယူဝါဒ(၁)
  • မိမိရဲ့ စားသုံးသူများကို ချစ်ခင်ပါပြိုင်ဘက်တွေကိုလေးစားပါ။
  • အဓိကအယူဝါဒ(၂)
  • ပြောင်းလဲဖို့အသိနဲ့ သတိထားပါ အသွင်ပြောင်းဖို့  အဆင်သင့်ရှိပါ။
  • အဓိကအယူဝါဒ(၃)
  • မိမိနာမည်ကို ထိန်းသိမ်းစောင့်ရှောက်ပါ သမိုင်းကြောင်း သန့်စင်လှပပါစေ။
  • အဓိကအယူဝါဒ(၄)
  • စားသုံးသူအမျိုးမျိုးရှိပါတယ် မိမိထံက အကျိုးအများဆုံး ခံစားရတွေဆီ အရင်သွားပါ။
  • အဓိကအယူဝါး(၅)
  • အမြဲတမ်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကောင်းကောင်းမွန်မွန် ထုတ်ပေးပါ။
  • အဓိကအယူဝါဒ(၆)
  • ကိုယ်တိုင်အမြဲရှိနေပြီး သတင်းကောင်းတွေဖြန့်ဝေပါ
  • အဓိကအယူဝါဒ(၇)
  • ၀ယ်သူတွေကို စုပါ ထိန်းထားပါ သူတို့ကို ကြီးပွားအောင်လုပ်ပေးပါ။
  • အဓိကအယူဝါဒ(၈)
  • သင့်အလုပ်က ဘာအလုပ်ပဲဖြစ်ပါစေ ၀န်ဆောင်မူ လုပ်ငန်းတစ်ခုပါပဲ
  • အဓိကအယူဝါဒ(၉)
  • မိမိလုပ်ငန်းစဉ်မှ အရည်အသွေး၊ကုန်ကျစရိတ်နဲ့ပေးပို့မူတွေကို အမြဲသုံးသပ်စိစစ်ပြီး မွမ်းမံပြင်ဆင်ပါ။
  • အဓိကအယူဝါဒ(၁၀)
  • အရေးကြီးပြီးအသုံးဝင်တဲ့ သတင်းတွေစုဆောင်းပါ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ဥာဏ်ပညာကိုသုံးပါ။
  • စာရေးသူ=ညီညီနိုင် (မြန်မာပြန်)
  • -------------------------------------------------------------------------------------------------------------
  • မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့
  • မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်
  • www.entrepreneursme.com (www.esmemm.com)
  • မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း
  • Myanmar Entrepreneur SME Institute (MESI)
  • မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။
  •  


ESME Logo