Supply Chain Management ဈေးကွက်ပို့ဆောင်စီမံခန့်ခွဲမှု။

Supply Chain Management ဈေးကွက်ပို့ဆောင်စီမံခန့်ခွဲမှု။
Share this Post:

  • အလုံးစုံပိုင်ဆိုင်မှုစရိတ်၏အရေးပါမှု
  • ကုန်ပစ္စည်းတစ်ခု၊ ထုတ်ကုန်ပစ္စည်း တစ်မျိုး သို့မဟုတ် ၀န်ဆောင်မှုတစ်ခုကို ၀ယ်ယူခြင်းစရိတ်တွင် ၀ယ်ယူဈေးနှုန်း (purchase price) သည် အစိတ်အပိုင်း တစ်ခုအနေဖြင့်ရှိသည်။ ၀န်ဆောင်မှု၊ လက်လီအရောင်း သို့မဟုတ် ကုန်ထုတ် လုပ်မှုအဖွဲ့အစည်းတွင် အသက်မွေးဝမ်း ကျောင်း ဆိုင်ရာ ပုဂ္ဂိုလ်၏စိတ်ထဲတွင် အလုံးစုံပိုင်ဆိုင်မှုစရိတ် (Total Coast of Ownership)သည် ဖြည့်တင်းရေးစီမံခန့်ခွဲ မှုတွင် အမြဲတမ်းအယူအဆ တစ်ခုဖြစ်သင့် သည်။ အလုံးစုံပိုင်ဆိုင်မှုစရိတ်သည် သီးခြားကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှု အတွက် သီးခြား supplier တစ်ဦးနှင့် စီးပွားရေးလုပ်ငန်းပြုလုပ်ခြင်း၏ supply chain နှင့်ဆက်နွှယ်သော စရိတ်များအား လုံးအပေါ် အမှန်တကယ်နားလည်ခြင်း အတွက် အတွေးအခေါ်တစ်ခုဖြစ်သည်။
  • ပုံစံကျသော ပိုင်ဆိုင်မှုစရိတ်များတွင် လုပ်ငန်းစဉ်သုံးပစ္စည်းများ(တိုက်ရိုက် ပစ္စည်းများ)၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အာမခံ၊ သင်တန်း၊ အော်ပရေးရှင်း၊ ပစ္စည်း သယ်ဆောင်ခြင်း၊ သဘောတူစာချုပ်စီမံ ခြင်း၊ အော်ပရေးရှင်းကိရိယာများအတွက် ကုန်ကျစရိတ်တို့ အကျုံးဝင်သည်။ ပိုင်ဆိုင် မှုလွန်ကုန်ကျစရိတ်များတွင် ယင်းပစ္စည်း များစွန့်ထုတ်ခြင်းနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သန့်ရှင်းခြင်း စရိတ်များပါဝင်သည်။ ဘေး အန္တရာယ်နှင့်ပတ်သက်သော စရိတ်များ လည်း နောက်ထပ်ဒိုင်မင်းရှင်းအနေဖြင့် ပါဝင်သည်။ ယင်းစရိတ်များနှင့် အခြား စရိတ်များသည် အလုံးစုံကုန်ကျစရိတ်ကို ခန့်မှန်တွက်ချက်ပြီး ဆန်းစစ်သုံးသပ်မှုတွင် ပါဝင်သည်။
  • TCO သုံးသပ်မှုသည်အကြောင်း အရာမျိုးစုံပေါ်တွင် ရေးဆွဲထားသည်။ ဘဏ္ဍာရေးတွင် Net Present Value (NPV) သုံးသပ်မှု၊ ငွေစာရင်းတွင် ထုတ် ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ခြင်းနှင့် ကုန် ကျစရိတ်သတ်မှတ်ခြင်း၊ အော်ပရေးရှင်း စီမံခန့်ခွဲမှုတွင် ယုံကြည်စိတ်ချရမှုနှင့် အရည်အသွေး၊ မားကက်တင်းတွင် ဖောက်သည်အလိုရှိမှုများကို နားလည် ခြင်းနှင့်ရရှိခြင်း၊ သတင်းအချက်အလက် နည်းပညာတွင် စနစ်များပေါင်းစည်းခြင်းနှင့် e-commerce, logistics တွင် ကုန် ပစ္စည်းများရွေ့လျားမှုနှင့် စီးပွားရေးတွင် အနည်းဆုံးပျမ်းမျှ ထုတ်လုပ်မှုအလုံးစုံ ယူနစ်ကုန်ကျစရိတ်တို့ ပါဝင်သည်။
  • ဖြည့်တင်းရေး စီမံခန့်ခွဲမှုပုဂ္ဂိုလ်သည် TCO ဆန်းစစ်သုံးသပ်မှုကို လွယ်ကူချော မွေ့အောင်ပြုလုပ်နိုင်သည်။ ယင်းတို့၏ ကျယ်ပြန့်သော ဆန်းစစ်သုံးသပ်မှု၊ ကျွမ်း ကျင်မှုများနှင့် အခြား အသင်းအဖွဲ့၊ အဖွဲ့ ၀င်များ၏ ကျွမ်းကျင်မှုကို သက်ဆိုင်ရာ ကုန်ကျစရိတ်များနှင့်ဆက်စပ်နေသည်ကို TCO ဆန်းစစ်သုံးသပ်မှုဖြင့် လွယ်ကူချော မွေ့အောင်ပြုလုပ်နိုင်သည်။ အလုံးစုံစရိတ် များနည်းပါးအောင်ပြုလုပ်ခြင်းတွင် ဖြည့် တင်းရေးစီမံခန့်ခွဲမှု၏ အနာဂတ်အမြင်နှင့် အခန်းကဏ္ဍနှင့်အတူ စီးပွားရေးလုပ်ငန်း ပုံစံတစ်ခုစီ၏ အကြမ်းဖျင်းစစ်ဆေးမှုသည် စတင်ရန် ကောင်းမွန်သောနေရာ တစ်ခု ဖြစ်သည်။
  • ၀န်ဆောင်မှုပံ့ပိုးပေးသူများ
  • ၀န်ဆောင်မှုအဖွဲ့အစည်းများသည် လူသားတို့၏ အလိုရှိမှုများနှင့် လိုအင်များ ကို နှစ်သက်ကျေနပ်မှုရရှိရန် ကိုင်တွယ် ထိတွေ့၍မရသော ကုန်ပစ္စည်းများကို ပံ့ပိုးကြသည်။ ၀န်ဆောင်မှုပံ့ပိုးပေးသူများ သည် အရင်းအနှီးကိရိယာများ၊ ထုတ်ကုန် ပစ္စည်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများကို ၀ယ်ယူကြသည်။ ထို့ပြင် ၀န်ထမ်းများကို ခန့်ထားကြသည်။ ကျန်းမာရေးနှင့်အသက် အာမခံကဲ့သို့သော ၀န်ထမ်းအကျိုးဖြစ်ထွန်း မှုများကို ပံ့ပိုးပေးသည်။
  • အခြား စီးပွားရေးလုပ်ငန်းများကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများသည် အရည် အသွေးကို ထိန်းသိမ်းနေစဉ် အရောင်းနှင့် ကုန်ကျစရိတ်လျှော့ချခြင်းကို ထိန်းသိမ်း နေစဉ် သို့မဟုတ် အရောင်းနှင့်ကုန်ကျ စရိတ်များလျှော့ချခြင်းကို မြှင့်တင်နေစဉ် ကုန်ကျစရိတ်များထက် ပိုမိုလျင်မြန်သော နှုန်းဖြင့် အရောင်းမြှင့်တင်ခြင်းဖြင့် အမြတ် အစွန်းများကို မြှင့်တင်ပေးသည်။ အပိုကုန် ကျစရိတ်များကို နားလည်ခြင်းသည် ၀န်ဆောင်မှုလုပ်ငန်းတစ်စုံတစ်ရာအတွက် အရေးပါလှသည်။ နောက်ထပ်အရေးကြီး သော ကုန်ကျစရိတ်အစိတ်အပိုင်းမှာ အရင်းအနှီးနှင့် အော်ပရေးရှင်းကိရိယာ ထိန်းသိမ်းစရိတ်ပင်ဖြစ်သည်။ ပစ္စည်း ကိရိယာဝယ်ယူမှုများ၏ TCO ဆန်းစစ် သုံးသပ်မှုသည် ရင်းနှီးမြှုပ်နှံမှုကာလများ ရှိ အစိတ်အပိုင်းများနှင့်ထိန်းချုပ်ခြင်း အတွက် ကုန်ကျစရိတ်များကို လျှော့ချရေး ကူညီနိုင်သည်။
  • ၀န်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် လက်လီနှင့်ကုန်ထုတ်လုပ်ငန်းရှိ အရေးကြီး သော စဉ်းစားဖွယ်ရာအချက်မှာ ၀န်ထမ်း ထိန်းသိမ်းခြင်း၏ အလုံးစုံကုန်ကျစရိတ်ပင် ဖြစ်သည်။ လုပ်အားခအနည်းဆုံးပေးခြင်း သည် အကောင်းဆုံးဝန်ထမ်းကို မရရှိနိုင် ချေ။ အတွေ့အကြုံရှိ ၀န်ထမ်းကို များများ ပိုပေးခြင်းသည် ရေရှည်အဖြေဖြစ်သည်။
  • လက်လီလုပ်ငန်း
  • ၀န်ဆောင်မှုစီးပွားရေးလုပ်ငန်းကို အသုံးချသော စဉ်းစားထားသည့် လက်လီ သမားများကို အသုံးပြုသည်။ လက်လီ စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန် ပစ္စည်းတစ်ခုကိုရောင်းချသည်။ ယင်းထုတ် ကုန်ပစ္စည်းကို မကြာခဏအော်ဒါမှာရ မည်။ လက်ခံရရှိမည်ဖြစ်သည်။ ပစ္စည်းကို ထိန်းသိမ်းပြီး ရောင်းချရမည်ဖြစ်သည်။ ဖောက်သည်ထံသို့ ပို့ဆောင်ရမည်ဖြစ် သည်။ ကုန်ပစ္စည်းမှာယူခြင်းနှင့်ပတ်သက် သော လုပ်ငန်းစဉ်ကို လွယ်ကူချောမောစေ သော စနစ်တစ်ခုကိုရွေးချယ်ခြင်းသည် ကုန်ပစ္စည်းပိုင်ဆိုင်မှု၏ စုစုပေါင်းကုန်ကျ စရိတ်ကို လွှမ်းမိုးလိမ့်မည်။ အဓိကကျ သော လက်လီအရောင်းသမားများစွာ သည် ယင်းတို့၏ကုန်ပစ္စည်း ငညလနညအသမပ ကို စီမံခန့်ခွဲရန်ျကစစူငနမ ရွေးချယ်မှုကို တာဝန်ခွဲပေးသည်။ ဤသို့ဖြင့် ၀ယ်ယူရေး အပိုကုန်ကျစရိတ်များကို လျှော့ချပေး သည်။ ထုတ်ကုန်ပစ္စည်းကုန်ကျစရိတ် မြှင့်တင်မှုမပါဘဲ ကုန်ပစ္စည်းသယ်ဆောင် စရိတ်များကို လျှော့ချပေးသည်။ Just- in-Time (JIT) အတွေးအခေါ်ကို အားပေးမြှင့် တင်ခြင်းသည် TCO ကို လျှော့ချနေစဉ် အရည်အသွေး၊ ကုန်ကျစရိတ်နှင့်အချိန် (QCT) တိုးတက်ရန် အခြားနည်းလမ်းဖြစ် သည်။ ကုန်ပစ္စည်းရောင်းချခြင်းစရိတ်နှင့် အပိုကုန်ကျစရိတ်များကို လျှော့ချခြင်း သည် ၀ယ်ယူရေးနှင့်ပတ်သက်နေသည်။ ကုန်ပစ္စည်းသယ်ဆောင်စရိတ်များနှင့် ပတ် သက်သည်။ ယှဉ်ပြိုင်နေသော စီးပွားရေး ပတ်ဝန်းကျင်တွင် အရောင်းမြှင့်တင်ရန် ထက် ကုန်ကျစရိတ်များလျှော့ချရန် ပိုမို လွယ်ကူသည်။
  • တိုတောင်းသော အချိန်ကာလ အတွက် လက်လီအရောင်းလုပ်ငန်းသည် ထုတ်ကုန်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်နိုင် သည်။ သို့ရာတွင် ရောင်းချပြီးနောက် ချိန် ညှိမှုများအတွက် သက်ဆိုင်နိုင်သည်။ အာမခံတောင်းဆိုမှုများနှင့်ပတ်သက်နိုင် သည်။ မတိကျသော ကာလအတွက် ယေဘုယျဖောက်သည်နှစ်သက်ကျေနပ် ခြင်းကို ထိန်းသိမ်းခြင်းနှင့်လည်း ပတ်သက် နိုင်သည်။ အကယ်၍လက်လီအရောင်း သမားသည် ဈေးနှုန်းပေါ်မူတည်၍ အရောင်းအတွက် ထုတ်ကုန်ပစ္စည်းတစ်ခု သို့မဟုတ် အမျိုးအစားတစ်ခုကို ရွေးချယ် ခဲ့လျှင် ယုံကြည်လေးစားမှုနှင့် ထုတ်ကုန် ပစ္စည်းတာဝန်ခံမှုကိစ္စရပ်များကို လျစ်လှူ ရှုခြင်း၊ ဖောက်သည်နှစ်သက်ကျေနပ်ခြင်း နှင့် အနာဂတ်ရောင်းချမှု များကို တွေ့ကြုံ နိုင်သည်။ ထို့ပြင် လက်လီအရောင်းသမား သည် မြင့်တက်လာသော ငွေရေးကြေးရေး ဆိုင်ရာ စွန့်စားရမှုကို ကျခံနိုင်သည်။ လက်လီအရောင်းသမားများသည် ပြန် လည်ရောင်းချခြင်းအတွက် ၀ယ်ယူမှုပြု လုပ်သော အရာတိုင်း၏ ရေရှည်ကာလ အကျိုးသက်ရောက်မှုများကိုလည်း စဉ်းစား ရမည်ဖြစ်သည်။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်း
  • တူညီသော TCO ပြဿနာများနှင့် ပတ်သက်နေသော ကုန်ထုတ်လုပ်မှုလုပ် ငန်းများသည် ၀န်ဆောင်မှုလုပ်ငန်းများနှင့် လက်လီလုပ်ငန်းများဖြစ်ကြသည်။ ထို့ပြင် သူတို့သည် တိုက်ရိုက်ကုန်ပစ္စည်းများ (ကုန်ကြမ်းပစ္စည်းများ၊ ထုတ်ကုန်ပစ္စည်း များစသည်)ကို ၀ယ်ယူကြပြီး ကုန်ချော ပစ္စည်းများ ထုတ်လုပ်မှုတွင် အပိုကုန်ကျ စရိတ်များကို ကျခံကြသည်။ စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော အခြားလှုပ်ရှားလုပ်ဆောင် မှုများအတွက် ကျခံကြသည်။
  • တိကျသော ကုန်ထုတ်လုပ်မှုဆိုင်ရာ အပိုကုန်ကျစရိတ်ကို နေရာချခြင်းသည် စစ်မှန်သောထုတ်ကုန်ပစ္စည်း၏တစ်ယူနစ်ကုန်ကျစရိတ်တွက်ချက်ခြင်းအတွက် အဓိကကျသော အချက်ဖြစ်သည်။ ပိုမို တိကျသော တစ်ယူနစ်ကုန်ကျစရိတ် အချက်အလက်ကို ပံ့ပိုးခြင်းဖြင့် Activity Based Costing(ABC) သည် ရေရှည် အကျိုးဖြစ်ထွန်းမှုများ ပြန်လည်ရရှိနိုင် သည်။ မတည်ပစ္စည်းကိရိယာများဝယ်ယူ ခြင်းမှ ထုတ်လုပ်မှုတွင် အသုံးပြုသော လောင်စာဆီဝယ်ယူမှုအထိ ဂရုစိုက်သော ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အပိုကုန်ကျ စရိတ်ပစ္စည်းများဝယ်ယူခြင်းနှင့် တိကျ သော သတင်းအချက်အလက်များ အချိန် ကိုက်ရရှိမှုကို သေချာစေရန် စနစ်များ အကောင်အထည်ဖော်ခြင်းတို့သည် ထုတ် လုပ်မှု၏ အလုံးစုံကုန်ကျစရိတ်အနည်းဆုံး ရရှိရန် အသုံးပြုသော နည်းလမ်းများဖြစ် သည်။
  • Credit မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
  • ………………………………………………………………………
  • ယခု Website တွင် အားလုံးအတွက် အသုံးဝင်နိုင်မည့် အချက်များအား (အခမဲ့) စုစည်းပေးထားပါတယ်။
  •  
  • (1) ပညာရှင်များစွာ၏ ဆောင်းပါးအမျိုးအစား (၂၀၀) ကျော် နှင့်
  • (2) လုပ်ငန်းရှင်ပေါင်း (၄၀၀) ခန့်၏ ဆက်သွယ်ရန် လိပ်စာကဒ်များ၊
  • (3) ပညာရှင်များ၏ နာမည်ကြီးသော ဟောပြောမှု ဗီဒီယိုများ၊
  • (4) Job Opportunity အလုပ်အကိုင်အခွင့်အလမ်းများ၊
  • (5) ပညာရှင်များ၏ Presentation (အခမဲ့) Download များ
  • (6) စီးပွားရေးလုပ်ငန်းခွင်အတွက် အမေးအဖြေ Q&A များ
  • (7) မြန်မာ့စီးပွားရေး အချက်အလက်များကို တနေရာတည်းတွင် စုစည်းတင်ဆက်ပေးထားသော စီးပွားရေးစီမံခန့်ခွဲမှုဝဘ်ဆိုဒ် တစ်ခုဖြစ်လို့ လူကြီးမင်းတို့အတွက် များစွာအကျိုးရှိဖို့ မျှော်လင့်ပါတယ်။
  •  
  • အားလုံးအတွက် ပိုမိုအကျိုးရှိစေဖို့ မိတ်ဆွေသူငယ်ချင်းများအား Like & Share >>> ပြန်လည်မျှဝေပေးခြင်းဖြင့် လူမှုအကျိုးပြု ပြန်လည်ကူညီပေးနိုင်ပါတယ်။ Thanks you! ကျေးဇူးတင်ပါတယ် :)
  •  
  • စွန့်ဦးတီထွင် စီးပွားရေးစီမံခန့်ခွဲမှု (အခမဲ့) ၀ဘ်ဆိုဒ်
  • www.EntrepreneurSME.com (eSMEmm.com)
  • ................................................................
  • မြန်မာ့စွန့်ဦးတီထွင် စီးပွားရေးသင်တန်းကျောင်း
  • Myanmar Entrepreneur SME Institute (MESI)


ESME Logo