ကျွန်တော်နှင့် အလုပ်လုပ်ခြင်း

ကျွန်တော်နှင့် အလုပ်လုပ်ခြင်း
Share this Post:

“အောင်မြင်မှုဟာ ကံကောင်းခြင်းဖြစ်တယ်လို့ ယူဆပါတယ်။

အောင်မြင်တဲ့သူတိုင်း ကြိုးစားကြရတယ်။ ချွေးမြေကျခဲ့ကြတယ်။

ကြိုးစားအားထုတ်ဖို့ပဲ ဖြစ်ပါတယ်။”

 

လူတိုင်းကအောင်မြင်မှု့ကိုလိုလားကြတယ်။ တောင့်တကြတယ်။ မျှော်လင့်ကြတယ်။ တစ်ခုတော့ရှိပါတယ် အောင်မြင်မှု့ကိုသက်မှတ်တဲ့နေရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူညီကြဘူး။ အချို့ကချမ်းသာကြွယ်ဝမှု့ကိုအောင်မြင်မှု့ လို့သက်မှတ်ကြတယ်။ အချို့ကတော့ ကျော်ကြားတာ၊ ထင်ရှားတာကို အောင်မြင်မှု့လို့ ယူဆကြတယ်။ အချို့ကတော့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းကို အောင်မြင်ခြင်းလို့ ယူဆကြပြန်တယ်။ မိမိ၏တန်ဖိုးကို အခြေခံပြီး ဆုံးဖြတ်ကြခြင်းဖြစ်ပါတယ်။

 

အောင်မြင်မှု့ကို ဘယ်လို သတ်မှတ်သတ်မှတ်၊ အောင်မြင်မှု့ရဖို့ အခြေခံနှစ်ခုလိုအပ်ပါတယ်။ တစ်ခုကတော့ လုပ်သမျှအလုပ်ကို ကြိုးစားအားထုတ်ပြီး အားထည့်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ကြိုးစားအားထုတ်ရုံ သက်သက်နဲ့ အောင်မြင်မှု့မရရှိနိုင်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ ကြိုးစားဖို့လိုအပ်သလို လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို ဦးစားပေးရွေးချယ်ပြီးလုပ်ဖို့လည်း အရေးကြီးပါတယ်။ လုပ်စရာအလုပ်တွေက များလွန်းတော့ လုပ်ရမဲ့အလုပ်တွေထဲကနေ ဘယ်အလုပ်ကို ဦးစားပေးရွေးချယ်ပြီး လုပ်ကမယ်ဆိုတာကို ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ရှိသမျှအလုပ်တွေကို ကုန်ရုန်းလုပ်ရုံနဲ့ အောင်မြင်မှု့ကို မရနိုင်ပါဘူး။

 

အလုပ်လို့ပြောတဲ့နေရာမှာ ကျွန်တော်အယူအဆကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဂုဏ်ရှိပါတယ်။ လူတစ်ဦးတစ်ယောက် အောင်မြင်မှုရရှိ၊ မရှိဆိုတာကို သုံးသပ်တဲ့အခါ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ချင်တဲ့ ဆန္ဒပဲဖြစ်တယ်။ လူတိုင်းမှာရည်မှန်းချက်၊ ရည်ရွယ်ချက်ဆိုတာရှိတယ်။ သက်မှတ်ထားဖို့လိုတယ်၊ နောက်ငါးနှစ်မှာကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ပြတ်ပြတ်သားသား သတ်မှတ်ထားဖို့လိုအပ်ပါတယ်၊ အောင်မြင်မှု့ရအောင် တစ်ဖက်က အလုပ်ကိုကြိုးစားပြီး တစ်ဖက်ကလည်း လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ဦးစားပေးရွေးချယ်နိုင်စွမ်းရှိရမယ်။

 

အခုလိုဆောင်ရွက်နိုင်သူဟာ မိမိကိုယ်မိမိယုံကြည်မှု့တိုးလာမယ်။ ပိုပြီးစိတ်ချမ်းသာမယ်။ ပိုပြီးအောင်မြင်လာမယ်။ အလုပ်အကိုင်အခွင့်အရေးတွေ ပိုပြီးရလာမှာဖြစ်တယ်။ တစ်ခုတော့ရှိတယ် အောင်မြင်မှု့ကိုလွယ်လွယ်နဲ့တော့ ရမှာမဟုတ်ပါဘူး၊ အပတ်တကုတ်ကြိုးစားအားထုတ်မှ ရရှိနိုင်မှာဖြစ်ပါတယ်။အောင်မြင်မှုဟာ ကံကောင်းခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ အောင်မြင်တဲ့သူတိုင်းကြိုးစားကြရပါတယ် ၊အရေးကြီးဆုံးက မမှိတ်မသုန် ကိုယ်ဖြစ်ချင်တာကို ကြိုးစားအားထုတ်ဖို့ပဲဖြစ်ပါတယ်။

 

အောင်မြင်ဖို့အတွက် မိမိအနေနဲ့ အတက်နိုင်ဆုံးအားထည့်ပါ။ မြင့်မြင့်မှန်းပါ၊ လောကမှာလူသုံးမျိုးရှိတာတွေ့ရတယ်။ ပထမ အမျိုးအစားက ဘာဖြစ်နေမှန်းတောင်မသိတဲ့သူတွေ၊ ဒုတိယအမျိုးအစားကတော့ ဖြစ်သမျှကို ဘေးကနေရပ်ကြည့်နေတဲ့သူတွေ၊ နောက်ဆုံးကတော့ ဖြစ်အောင်အားထုတ်တဲ့ သူတွေဖြစ်ပါတယ်။

 

ကျွန်တော်ကတော့ မြန်မာပြည်မှာ တတိယ အမျိုးအစား များများရှိနိုင်ပါစေလို့ဆန္ဒပြုပါတယ်။ အားကစားဥပမာအနေနဲ့ပြောရရင် ကြေးတံဆိပ်နဲ့ အကျေနပ်ပါနဲ့ ၊ငွေတံဆိပ်ကိုလည်းလက်မခံပါနဲ့၊ ရွှေရအောင်ကြိုးစားကြပါ၊ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိဖို့သာ ပဓာနဖြစ်ပါတယ်။ ယုံကြည်မှု့အပြည့်ရှိရင် ပြိုင်ပွဲမဝင်မီကတည်းက အနိုင်ရမှာသာဖြစ်ပါတယ်။

-------------------------------------------------------------------------------------------------------------

မြန်မာ့ခေတ်ပြိုင်စီးပွားရေးအတွက် အသိပညာဦးဆောင်မူဖြင့် ရေရှည်တိုးတက်မူဆီသို့

မြန်မာ့စွန့်ဦးထီထွင်မူနှင့် စီးပွားရေစီမံခန့်ခွဲမူ အခမဲ့ ၀က်ဆိုဒ်

www.entrepreneursme.com (www.esmemm.com)

မြန်မာ့စွန့်ဦးတီထွင်မူနှင့် စီးပွားရေးစီမံခန့်ခွဲမူ သင်တန်းကျောင်း

Myanmar Entrepreneur SME Institute (MESI)

မြန်မာနိုင်ငံအနှံ့တွင် သင်တန်းကျောင်း (၅)ခု ၊ မြို့ပေါင်း(၁၈) နှင့်၊ လုပ်ငန်းပေါင်(၅၀၀)ကျော် စီမံခန့်ခွဲမူ ရုံးဝန်ထမ်း (၄၀၀၀)ကျော် အား ၀န်ဆောင်မူပေးထားပြီးဖြစ်သောကြောင့် လူကြီးမင်းတို့ လိုအပ်တဲ့ စီးပွာရေဆိုင်ရာ (သင်တန်း+အကြံပေး+၀န်ဆောင်မူ) များအား www.esmemm.com (MESI)တွင် ၀န်ဆောင်မူရရှိနိုင်ပါပြီ။



ESME Logo