မြန်မာ Export တိုးမြင့်ဖို့ ဘယ်လိုဝိုင်းဝန်း ဆောင်ရွက်ကြမလဲ

မြန်မာ Export တိုးမြင့်ဖို့ ဘယ်လိုဝိုင်းဝန်း ဆောင်ရွက်ကြမလဲ
Share this Post:

ကျွန်တော်တို့မြန်မာပြည်ရဲ့ လက်ရှိ Export, Import ကွာခြားမှုတွေကြောင့် မြန်မာ့ကုန်ပစ္စည်းတွေ ပိုမိုဈေးကွက်မြှင့်တင် နိုင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။

မြန်မာ့ ကုန်ပစ္စည်း တွေ နိုင်ငံတကာ နဲ့ ချိတ်ဆက် ဆောင်ရွက် နိုင်ဖို့ BaganTrade.com ကို တည်ထောင်ခဲ့တာ အခုဆိုရင် ၁ နှစ် ကျော်ပါပြီ။ ဒီအတောအတွင်းမှာ မြန်မာပြည်က ကုန်ပစ္စည်းတွေ (စိုက်ပျိုးသီးနှံ ၊ လက်မှုပစ္စည်း)၊ ဝယ်ယူလိုတဲ့ Buying Offers တွေ များစွာ ရရှိခဲ့ပါတယ်။

ဒါပေမယ့် တကယ်တမ်း အောင်မြင်စွာ အရောင်းအဝယ် ဖြစ်တာ နည်းနေပါသေးတယ်။ ဒေါ်လာ သန်း နဲ့ချီပြီး Export လုပ်နိုင်မယ့် အခွင့်အရေးတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပျယ်သွားခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ Online Marketing သမားတွေသာ ဖြစ်တဲ့အတွက် Buyer နဲ့ Supplier ကို တိုက်ရိုက်ချိတ်ဆက် ပေးပြီး ကျန်တဲ့ Trading Process တွေ မှာ ဝင်မပါလိုပါဘူး။ အခု ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ Challenges တွေကတော့ . . .

(၁) Payment Term (LC, TT) ညှိမရချင်း
နိုင်ငံတကာ Buyer က International မှာ လုပ်နေကျ ဘဏ်ချင်းချိတ်ဆက်ပြီး ပေးတဲ့ ၊ နှစ်ဘက် စလုံးအတွက် Safe ဖြစ်တဲ့ LC (Letter of Credit) နဲ့ ပေးချင်ပါတယ်။
မြန်မာပြည်က Supplier က ငွေကြိုတင်ယူတဲ့ TT (Telegraphic Transfer) နဲ့ပဲ လုပ်ချင်ပါတယ်။ LC နဲ့ ဆိုရင် လုံးဝ မလုပ်ဘူး ဆိုပြီး ငြင်းကြတဲ့ သူတွေချည်းပါပဲ။
စီးပွားကူးသန်းမှာ သွားပြီး စုံစမ်းကြည့်တော့ မြန်မာ Export အားလုံးရဲ့ 99% လောက်က TT နဲ့ပဲ လုပ်နေကြတာပါတဲ့။

(၂) Quality Control, Packaging အားနည်းခြင်း
နိုင်ငံတကာ Buyer တွေ ကျွန်တော်တို့ နဲ့ ချိတ်ဆက်ပြီး မြန်မာပြည်က Warehouse, Factory တွေ အထိလာကြည့်ပါတယ်။ ဒီမှာ ဖြစ်သလို လုပ်နေတာတွေ ၊ ဖြစ်သလို ထုတ်ပိုးနေတာ တွေကို မြင်ပြီး အရောင်းအဝယ် မဖြစ်တော့တာ များပါတယ်။
ရေငွေ့ ပါဝင်မှု နှုန်း ၊ မှိုပါဝင်မှုနှုန်း တွေကို မေးတဲ့ အခါ အတိအကျ မဖြေနိုင်တာ များပါတယ်။
Sample ပစ္စည်း Order မှာပြီး နောက်ထပ် မမှာကျတော့တာ များပါတယ်။

(၃) Logistic အားနည်းခြင်း
ကျွန်တော်တို့ Site က နေ ၊ မြန်မာသနပ်ခါး ၊ လက်မှု ပစ္စည်း တွေ ကို လက်လီ အနေနဲ့ မှာကြတာတွေ ရှိပါတယ်။ ပစ္စည်းတန်ဖိုးက 5 to 10$ လောက်ပဲ ကျပြီး DHL ပို့ခက 60 to 80$ လောက်ကျပါတယ်။
Aliexpress က နေ ကျွန်တော်တို့ဆီပို့တာ 3 to 10$ လောက်နဲ့ ပို့နိုင်ပါတယ်။

အဲဒီ Challenges တွေ ဘယ်သူကြောင့်ဆိုပြီး လက်ညှိုးထိုးမနေကြဘဲ နဲ့ ကျွန်တော်တို့ ဝိုင်းဝန်း ဖြေရှင်းရမှာပါ။
အခုကျွန်တော်တို့ BaganTrade မှာ မြန်မာ့ ဝါးထည် ၊ ကြိမ်ထည် တွေ ဝယ်ယူချင်တဲ့ Buying Offers များစွာ ရရှိထားပါတယ်။ ပထမ အစမ်း ၅ ခုလောက် ဆီ ဝယ်ပါမယ်။ နောက်သဘောကျရင် Container နဲ့ ချီပြီး ဝယ်မှာပါ။ LC နဲ့ ဝယ်တာများပါတယ်။

အခု Handicraft Category တစ်ခုတည်းအတွက် ကျွန်တော်တို့ Trading Process မှာ ဝင်ပါပါမယ်။
Quotation, LC Payment, Inspection, Packaging, Shipping စတဲ့ Process တွေ ကို ဝယ်သူဘက် က Agent နဲ့ ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင်သွားပါမယ်။
ဝါးထည်း ၊ ကြိမ်ထည် ၊ ဗေဒါ ၊ ပစ္စည်းထုတ်လုပ်သူများ 09795935070, info@bagantrade.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်အတွက် Export မြှင့်တင်ဖို့ အားလုံး ပူးပေါင်းပါဝင် ၊ အကြံပေး ၊ လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

www.BaganTrade.com (B2B eCommerce Platform )
လုပ်ငန်းရှင်များ ရောင်းဝယ်ရာ "Make Local, Trade Global"